၄၃ကြိမ်မြောက် အာစီယံ ထိပ်သီးအစည်းအဝေး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြိုမှာ စတင်ကျင်းပ

ဂျာကာတာ၊ စက်တင်ဘာ ၅

မြူခိုးမြူမှုန်တွေ ပိတ်မှောင်နေတဲ့ ဂျာကာတာမြို့မှာ ၄၃ကြိမ်မြောက် အာစီယံ ထပ်သီးအစည်းအဝေးကို စတင် ကျင်းပနေ ပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ဟာ အရှေ့တောင်အာရှ ခေါင်းဆောင်တွေနဲ့ အတူ သူတို့ရဲ့   ပြည်ပလုပ်ဖော် ကိုင်ဖက်တွေနဲ့  တွေ့ဆုံနေတုန်းအခိုက်မှာ  ကမ္ဘာ့အဆိုးရွားဆုံး လေထုညစ်ညမ်းမှု ဖုံးလွှမ်းမှုအောက်မှာပဲ  ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ဒီနေ့ စက်တင်ဘာ ၅ရက်အင်္ဂါနေ့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်တယ် လို့ အင်ိဒုနီးရှားရဲ့ မီဒီယာကြီး ဖြစ်တဲ့နေ့စဥ်ထုတ်  ဂျာကာတာ သတင်းစာမှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် အာဆီယံ ဥက္ကဌ အဖြစ် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုသမ္မတ ရဲ့ အုပ်ချုပ်မှုဟာ အစုအဖွဲ့ ၊ အသင်းအပင်းတွေ အခုထက်ပိုပြီး လိုက်လျောညီထွေ ဖြစ်အောင် နဲ့  ပိုမို ကြီးမားတဲ့  စီးပွားရေး တိုးတက်မှု အပါအဝင်  ပေါင်းစည်းမှုအားလုံး ကို တွန်းအားပေးလုပ်ဆောင်နေပါတယ် လို့ ဆိုပါတယ်။

ဒိအပြင်  ရေရှည် ပြုပြင်ပြောင်းလဲရေး တွေကို  မြှင့်တင်ပေးနေတဲ့  “ASEAN Matters: Epicentrum of Growth ” အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကိုစက်တင်ဘာ၅ရက်  အင်္ဂါနေ့ကနေ စက်တင်ဘာ ၇ရက် ကြာသပတေးနေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပါတယ်။

အလားတူစွာပဲ  အာဆီယံရဲ့   ရေရှည်လမ်းပြမြေပုံဖြစ်သော  ၂၀၂၀ Concord IV နဲ့  အခြားသော ခြေလှမ်းသစ် တွေ စတင်ဖို့များစွာကို စတင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

Ref: The Jakata Post

Feature Image Credit: The Jakata Post

Leave a Reply

Your email address will not be published. Required fields are marked *