
■ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို ၁၅-၃-၂၀၂၄ ရက်နေ့မှ ၂၄-၃-၂၀၂၄ ရက်(တပေါင်းလပြည့်နေ့)အထိ ၁၀ ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်
ရန်ကုန်၊ မတ် ၁၅
၂၆၁၂နှစ်မြောက် ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ်လ၁၅ရက်နေ့မနက်ပိုင်းက ဂေါပကအဖွဲ့မှ ဦးစီးကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဖွင့်ပွဲအခမ်းအနားကို နံနက်(၈)နာရီအချိန်မှာ နှစ်ကျိပ်ရှစ်ဆူသောဘုရားရှင်တို့ကို ရည်မှန်းပူဇော်တဲ့အနေနဲ့ ဗုဒ္ဓရုပ်ပွား တော်များကို ရင်ပြင်တော်တောင်ဘက် ရှေး ဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှစတင်ပြီး ရင်ပြင်တော်တစ်ပတ်ခွဲလှည့်လည်ပူဇော်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည့် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်းတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အခမ်းအနားကို အစီအစဥ်များအတိုင်းကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပ ကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြတယ်လို့ သိရပါတယ်။



