ဆန်ဒီယေဂို၊ ဇွန် ၂၇
တရုတ်အစိုးရမီဒီယာရဲ့ ဖော်ပြချက်အရ ဘေဂျင်းဟာ ဆယ်စုနှစ် နှစ်ခုအတွင်း အမေရိကန်ကို ချစ်ကြည်ရေးအမှတ်အသားအနေနဲ့ ပန်ဒါစုံတွဲကို ပထမဆုံးအကြိမ် ပေကျင်းက ပေးပို့လိုက်တာလို့ သိရပါတယ်။
အခု ပို့လိုက်တဲ့ ပန်ဒါနှစ်ကောင် နာမည်ကတော့ ယန်ချွန်နဲ့ ရှင်ပေါက်လို့ ခေါ်ပါတယ်။ သူတိုဟာ တရုတ်နိုင်ငံ စီချွမ်ပြည်နယ် မှာရှိတဲ့ တရုတ်နိုင်ငံ ထိန်းသိမ်းရေးနဲ့ သုတေသနစင်တာ Bifengxia အခြေစိုက်စခန်းကနေ သူတို့ရဲ့ အမေရီးကားက အိမ်အသစ်ဆီကို စင်းလုံးငှားလေယာဉ်နဲ့ ထွက်ခွာသွားကြပါပြီလို့ နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန်ပြည်သူတွေကြား ချစ်ကြည်ရေး သံတမန်အဖြစ် ဆန်ဒီယေဂို တိရစ္ဆာန်ရုံကို ပန်ဒါတွေ လက်ဆောင်ပို့ပေးဖို့ စိတ်ကူးပေါ်လာပြီးတဲ့နောက် အခုလို အကောင်အထည် ပေါ်လာခဲ့တာလို့လည်း သိရပါတယ်။
Ref: CNN
ပုံစာ။ ချစ်စရာ ပန်ဒါကြီး တစ်ကောင်ကို တွေ့ရပုံ
Feature Image credit: Tingshu Wang/Reuters



