မွမ်ဘိုင်း၊ အောက်တိုဘာ ၁၉
အိန္ဒိယနိုင်ငံဟာ ၂၀၄၀ မှာ လပေါ် အာကာသယာဉ်မှူးတစ်ဦးလွှတ်နိုင်ဖို့ ရည်မှန်းထားတဲ့အကြောင်း အစိုးရက ပြောဆို လိုက်ပါတယ်။
နိုင်ငံရဲ့ အာကာသရည်မှန်းချက်တွေထဲမှာ ၂၀၃၅ မတိုင်မီ အာကာသစခန်းတစ်ခု တည်ဆောက်နိုင်ဖို့လည်း အစီအစဉ်တွေ ဆွဲနေတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ က အဲ့ဒိရည်မှန်းချက်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ရက်နေ့ အင်္ဂါနေ့မှာ ကြေညာခဲ့ပြီး ဗီးနပ်စ်နဲ့ အင်္ဂါဂြိုဟ်တွေမှာလည်း အာကာသဆိုင်ရာ မစ်ရှင်တွေလုပ်ဖို့ သိပ္ပံပညာရှင်တွေကို တောင်းဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ သြဂုတ်လမှာ အိန္ဒိယဟာ လရဲ့ တောင်ဝင်ရိုးစွန်းပေါ် အာကာသယာဉ် ဆင်းသက်နိုင်တဲ့ ပထမ ဆုံး နိုင်ငံဖြစ်လာခဲ့ပြီး စက်တင်ဘာလမှာလည်း နေကိုလေ့လာဖို့ ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့ပါသေးတယ်။
တစ်ချိန်တည်းမှာပဲ အိန္ဒိယအာကာသ သုတေသနအဖွဲ့ (Isro) ဟာကီလိုမီတာ ၄၀၀ (၂၄၈ မိုင်) အကွာအဝေးအထိ လုပ်သား နဲ့သားသင်္ဘောတွေ လွှတ်ပြီး အိန္ဒိယရေပိုင်နက်ထဲကို ဘေးကင်းကင်း ဆင်းသက်နိုင်ဖို့ ရည်ရွယ်တဲ့ aganyaan ပရောဂျက် ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒိနောက်မှာတော့ စက်ရုပ်တစ်ရုပ်ကို အာကာသထဲ အထိ သယ်ဆောင်သွားနိုင်တဲ့ နောက်ထပ်စမ်းသပ် ပျံသန်း မှုတစ်ခု လုပ်ဦးမှာလို့ သိရပါတယ်။
Ref:BBC
ပုံစာ။ ၂၀၂၃ ဩဂုတ်လမှာ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တဲ့ ချန်ဒရာယန် -၃ အာကသယာဥ်
Feature Image Credit: Getty Images