၂၀၂၄ ဘရာဇီး G20 ထိပ်သီးအစည်းအဝေးကို စင်ကာပူနိုင်ငံ ဖိတ်ကြားခံရ

စင်ကာပူ၊ ဒီဇင်ဘာ ၂

 ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၄ခုနှစ်  G20 ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ပူပေါင်း ပါဝင်ဖို့ရာ  စင်္ကာပူကို အိမ်ရှင်ဘရာဇီးကဖိတ်ကြားလိုက်တယ်လို့ သိရပါတယ်။

ဘရာဇီးနိုင်ငံကG20 အကြီးအကဲ နေရာကို ၂၀၂၃  ဒီဇင်ဘာ ၁ ရက်နေ့မှာ  လွှဲပြောင်းရယူခဲ့ပြီး လာမယ့်နှစ် မှာ ထိပ်သီး အ စည်း အဝေးကို ရီယိုဒီဂျနေရိုးမြို့မှာ  နိုဝင်ဘာ ၁၈ ရက်ကနေ ၁၉ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။” ကျွန်တော် တို့ ရဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့  နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေတဲ့ ဘရာဇီးရဲ့ ဖိတ်ကြားမှုကို စင်ကာပူနိုင်ငံက ကျေးဇူးတင်ရှိပါတယ်” ဆိုပြီး  နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) တို့က ဒီဇင်ဘာ ၂ ရက် စနေနေ့  ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ  ပြောဆိုခဲ့ပါတယ်။

“စင်ကာပူဟာ  အမျိုးသားစွမ်းဆောင်ရည်နဲ့အတူ  Global Governance Group (3G) ဖိတ်ကြားခံရသူအနေနဲ့ G20 လုပ်ငန်းစဉ်တွေမှာ  တက်ကြွစွာ ပါဝင်ကူညီသွားမယ်။”လို့ လည်း နိုင်ငံခြးရေးဌာနက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံဟာ  G20 အဖွဲ့ဝင်မဟုတ်ပေမယ့်လည်း ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို  ဖိတ်ကြား ခံရတာ ၁၀နှစ်ကျော်ရှိပြီလည်း ဖြစ်ပါတယ်။

G 20 ဟာ   နိုင်ငံပေါင်း ၁၉နိုင်ငံနဲ့  ဥရောပသမဂ္ဂ တို့ပါဝင်တဲ့ အစိုးရဆိုင်ရာ ဖိုရမ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာ ဘဏ္ဍာ ရေးတည်ငြိမ်မှု ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု စတဲ့ ကမ္ဘာ့စီးပွားရေး နဲ့ ပတ်သက်တဲ့ အဓိကပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ၁၉၉၉ခုနှစ်ကစ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

Ref: CNA

Feature Image Credit: India Foundation

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *