တိုကျို၊ ဖေဖေါ်ဝါရီ ၂၂
၂၀၂၄ ဇန်နဝါရီ လထဲမှာ ဂျပန်နိုင်ငံကို ခရီးသွားဧည့်သည် ၂ဒသမ၆ သန်းအထိလာရောက်လည်ပတ်ခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ ခြောက်လဆက်တိုက်မှာလည်း ခရီးသွားဧည့်သည်ဝင်ရောက်မှုက တစ်လကို ပျှမ်းမျှ ၂သန်းအထက်မှာပဲ ရှိနေခဲ့တယ်လို့ သိရပါတယ်။
တရားဝင်အချက်အလက်တွေအရ ဖေဖော်ဝါရီ ၂၁ ရက် ဗုဒ္ဓဟူးနေ့မှာ ခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေက ၂၀၂၄ခုနှစ်ဟာ ဂျပန်နိုင်ငံအတွက် အလားအလာ ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်နေသလို စံချိန်တင်မယ့် နှစ်လို့လည်း ကြိုတင်ခန့်မှန်း တွက်ဆနေကြပါတယ်။
ဇန်နဝါရီလထဲမှာပဲ စီးပွားရေးကိစ္စ ဒါမှမဟုတ် အပန်းဖြေဖို့ ကိစ္စ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဂျပန်နိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသားအရေအတွက်က ၂ဒသမ၆၉သန်းအထိ ရှိခဲ့ပါတယ်။ ၂၀၂၃ အပိတ် ဒီဇင်္ဘာမှာ လာတဲ့ ဧည့်သည်၂ဒသမ၇၃ သန်းထက် စာရင်တော့နည်းနည်း လျှော့ကျသွားတယ်လို့ ဂျပန်အမျိုးသားခရီးသွားလုပ်ငန်း အဖွဲ့ (JNTO) ရဲ့အချက်အလက်တွေအရ သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ဂျပန်နိုင်ငံထဲကို ခရီးသွားလာမှုအားလုံး နှစ်နှစ်ကျော် ရပ်နားထားခဲ့ပါတယ်။
ပြည်တွင်းခရီးသွားလုပ်ငန်းကလည်း ဂျပန်နိုင်ငံရဲ့ စီးပွားရေးမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခရီးသွားဧည့်သည်တွေဟာ အရင်နှစ်က ယန်း ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၃၂ ဘီလီယံ) ကျော်သုံးစွဲခဲ့ပြီး အစိုးရရည်မှန်းချက်ထက် ကျော်လွန်စေခဲတယ်လို့ သိရပါတယ်။
Ref: Reuters
ပုံစာ။ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်နေကြတဲ့ ဧည်သည်များ
Feature Image Crredit: Yahoo Life



