ဂျာကာတာ၊ ဖေဖေါ်ဝါရီ ၂၈
ကမ္ဘာ့အကြီးဆုံး တစ်ရက်တာ ရွေးကောက်ပွဲကြီးအပြီး ဖေဖော်ဝါရီ ၁၄ ရက်ကစလို့ ရွေးကောက်ပွဲလုပ်သား စုစုပေါင်း ၁၁၄ ယောက်သေဆုံးပြီး ၁၅၀၀၀ ကျော် ဖျားနာခဲ့တယ်လို့ ဂျာကာတာ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲလုပ်သား တွေဟာ ရွေးကောက်ပွဲနေမှာ ၂၆နာရီဆက်တိုက်ကြာအောင် မနားတမ်း အလုပ်လုပ်ခဲ့ရတယ်လို့လည်းသိရပါတယ်။
မဲဆန္ဒရှင်တွေအတွက်ကတော့ အပန်းမကြီးပေမယ့် ရွေးကောက်ပွဲလုပ်သားတွေဟာ ဖေဖေါ်ဝါရီ ၁၄ရက် မနက်မိုးလင်းချိန်ကစပြီး နောက်တစ်ရက် ၁၅ရက်နေ့အထိ အပြင်းအထန် အလုပ်လုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒိနောက်မှာလည်း ရလာတဲ့ဒေတာ အချက်အလက်တွေကို သက်ဆိုင်ရာဆီ ထပ်ပြီး ပို့ရတာတွေ မဲရေတွက်တာတွေ၊ မဲစာရင်းဇယားအက်ပလီကေးရှင်းတွေထဲ ထည့်ရတာတွေ ဆက်လုပ်ရပါသေးတယ်လို့ စေတနာဝန်ထမ်း တစ်ယောက်ဖြစ်တဲ့ မစ္စတာ ဖန်မီက ပြောပါတယ်။
“ကိုယ်စားလှယ်လောင်းတွေက အများကြီးရှိတာမို့ လူတိုင်းကိုအချိန်မီပြီးဖို့ ဖိအားပေးခဲ့တယ်” လို့ မစ္စတာ ဖန်မီက CNA ကို ပြောပါတယ်။ ဆက်ပြီး မစ္စတာ ဖန်မီကပဲ “အလုပ်ပြီးလို့ မဲရုံကနေ အိမ်ပြန်လာတော့ တစ်ကိုယ်လုံး အရမ်းနာကျင် ကိုက်ခဲနေခဲ့တယ်” လို့ ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁၄ရက်နေ့က ကျင်းပခဲ့တဲ့ အင်ဒိုနိးရှားနိုင်ငံ ၂၀၂၄ အထွထွေ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင် ၂၀၄ ဒသမ ၈သန်း၊ မဲရုံပေါင်းက ၈၂၀၀၀၀ ကျော်၊ မဲရုံလုပ်သား ၅ ဒသမ၇ သန်းကျော်နဲ့ ကျင်းပခဲ့တာလို့ သိရပါတယ်။
Ref: CNA
ပုံစာ။ မဲပုံးတွေကြားက မဲရုံလုပ်သားနှစ်ယောက်
Feature Image credit: AP Photo/Tatan Syuflana



