ဝါရှင်တန်၊ ဇန်နဝါရီ ၂၅
ယူအက်စ်ရဲ့ မြင့်မားတဲ့ အိမ်စျေးနှုန်းတွေနဲ့ မြင့်မားတဲ့ ပေါင်နှံမှုနှုန်းထားတွေဟာ ဝယ်သူတွေကို အခက်ကြုံ စေခဲ့တာမို့ ၂၀၂၄ခုနှစ် တစ်နှစ်လုံး အမေရိကန်နိုင်ငံက လက်ရှိအိမ်ရောင်းချမှုတွေဟာ ဆယ်စုနှစ် သုံးခုနီးပါးထဲ မှာ အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
စျေးကွက်အများစုမှာပါတဲ့ အရင်ကာလက အိမ်ရောင်းချမှုတွေဟာ၂၀၂၄ မတိုင်မီ စုစုပေါင်း ၄ ဒသမ ၀၆သန်း အထိ ရှိခဲ့တယ်လို့ အမျိုးသားအိမ်ခြံမြေအကျိုးဆောင်များအသင်းက ဇန်နဝါရီ ၂၄ရက် သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။
သမားရိုးကျ နှစ် ၃၀ ပုံသေ ပေါင်နှံမှုမှာ ပျမ်းမျှနှုန်းက ၂၀၂၃ ခုနှစ်က ၇ဒသမ ၂၂ ရာခိုင်နူန်းအထိ အထွတ်အထိပ် ကို ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအိမ်တစ်အိမ်တစ်လုံးရဲ့ ပျမ်းမျှစျေးနှုန်းတွေဟာ ၁၈လ ဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ၄၀၇၅၀၀ ဒေါ်လာအထိ စံချိန်တင်အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ ၂၀၂၄ ဒီဇင်ဘာလ ပျှမ်မျှစျေးနှုန်းကလည်း ၄၀၄၄၀၀ ဒေါ်လာအထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
Ref: CNN
ပုံစာ။ ရောင်းချဖို့ ရှိနေတဲ့ အမေရိကန်က အိမ်ရာများ
Feature Image Credit: Joe Raedle/Getty Images



