၂၀၂၄နှစ်သစ် အစနေ့ရက်မှာ ထင်မှတ်မထားတဲ့ အင်အားပြင်: ဆူနာမီငလျင်ဂျပန် မှာ လှုပ်ခတ်သွား

တိုကျို၊ ဇန်နဝါရီ ၁

၂၀၂၄ ခုနှစ် နှစ်ကူးတဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာပဲ အင်အားပြင်းတဲ့ ဆူနာမီ ငလျင် တစ်ခု ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ကမ်းရိုးတန်းဒေသတချို့က ပြည်သူတွေ ဘေးလွတ်ရာကို  ရွှေ့ပြောင်းဖို့ ဒေသခံတွေကို သတိပေး တာတွေ လုပ်နေရတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ အနေနဲ့  ထောင်နဲ့ချီတဲ့  နေအိမ်တွေ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသလို လေယာဉ်နဲ့ မီးရထား ဝန်ဆောင်မှုတွေလည်း ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်ရဲ့ ပြင်းအားက ၇ ဒသမ ၆ အထိရှိခဲ့ပြီး ဂျပန်အနောက်ဘက်ကမ်းရိုးတန်းနဲ့ အိမ်နီးချင်းတောင်ကိုရီးယား ပင်လယ် ပြင်မှာလည်း  လှိုင်းတွေ မြင့်တက်ပြီး  အခုထက်လည်း ပိုလာနိုင်တယ်လို့ တောင်ကိုရီးယားအစိုးရက သတင်းတွေ ထုတ် ပြန် နေပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီ (JMA)  Ishikawa၊ Niigata ကတော့ တိုယာမ  စီရင်စုအတွက် ဆူနာမီသတိပေးချက် တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၁ခုနှစ် မတ်လက လှုပ်ခတ်ခဲ့တဲ့ ဆူနာမီ လောက် မပြင်းထန်ပေမယ့် စိုးရိမ်ဖွယ်ရာ အခြေအနေလို့ သိရပါတယ်။

အီရှီကာဝါ နဲ့ တိုယမ စီရင်စုတွေက အိမ်ခြေ ၃၆,၀၀၀ ကျော် နေ့ လျှပ်စစ်မီး ပြတ်တောက်ပြီး နေ့ချင်းညချင်း အေးခဲကာ အပူချိန်ကျဆင်းသွားတယ်လို့လည်း သိရပါတယ်။

ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှု အတိုင်းအတာကိုတော့ မသိရသေးပါဘူးလို့ တာဝန်ရှိသူတွေ က ထုတ်ပြန်ထားပါတယ်။

 Ref:     CNA / Agencies/rc

ပုံစာ။ ၂၀၂၄  ဇန်နဝါရီ ၁ ရက် မှာ ငလျင်လှုပ် အပြီး အီရှီနာဝါမျာ တွေ့ရတဲ့ မြင်ကွင်း

Feature Image Credit:  Kyodo News via AP

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *