တိုကျို၊ ဒီဇင်ဘာ ၂၇
ဂျပန်မှာ ယန်း ၁၀,၀၀၀ တန်၊ ၅,၀၀၀ တန်နဲ့ ၁,၀၀၀ တန် ငွေစက္ကူသစ်တွေကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်မှာ စတင် ထုတ်ဝေမယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံး အသစ်ထုတ်ဝေမှာ ဖြစ်တယ်။ ဒီလိုထုတ်ဝေ မယ် ဆိုတာကို ၂၀၁၉ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အတုလုပ်တာတွေကို တားမြစ်နိုင်ဖို့ပါ။
ထုတ်ဝေတဲ့နေ့ကစပြီး ဘဏ်တွေ၊ ATM စက်တွေမှာ အဲဒီငွေစက္ကူသစ်တွေကို ရရှိမှာ ဖြစ်ပြီး လက်ရှိ သုံးနေတဲ့ ငွေစက္ကူတွေကို ဆက်သုံးနိုင်တယ်လို့ သိရပါတယ်။
ယန်း ၁၀,၀၀၀ တန် မျက်နှာဘက်မှာ ပါတဲ့သူကတော့ Shibusawa Eiichi ရှီဘုစာဝါ့ အေးအိချိ ဖြစ်ပါတယ်။ ဂျပန်ရဲ့ အရင်း ရှင်စီးပွားရေးစနစ် ဖခင်ကြီးလို့ လူအများက အသိအမှတ်ပြုထားတဲ့ ပုဂ္ဂိုလ်ပါ။ ကျောဘက်မှာတော့ တိုကျိုဘူတာ အ ဆောက်အဦပုံ ပါဝင်ပါတယ်။
ယန်း ၅,၀၀၀ တန်မှာပါတဲ့ သူကတော့ Tsuda Umeko ဆုဒါ့ အုမဲကို ဖြစ်ပါတယ်။ ဂျပန်ရဲ့ အမျိုးသမီးပညာရေးလောက က ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တစ်ဦးပါ။ ကျောဘက်မှာတော့ Wisteria flower ဖူဂျိပန်း ရဲ့ ပုံပါ။
ယန်း ၁,၀၀၀ တန်မှာ ပါတဲ့သူကတော့ Kitasato Shibasaburō ခိတာ့စာတို ရှီဘာ့စာဘုရိုး ပါ။ သူဟာ ဘက်တီးရီး ယား ဇီဝပညာရှင်တစ်ဦးဖြစ်ပါတယ်။ ကျောဘက်မှာတော့ အဲဒိုခေတ်နှောင်းပိုင်းက နာမည်ကျော် ပန်းချီဆရာ Katsushika Hokusai ရဲ့ Ukiyoe အုကိယိုးအဲ့ ပန်းချီစတိုင်ဖြစ်တဲ့ Kanagawa oki nami ura ခါနာ့ဂါဝါ့အိုကိနာမိအူရာ့ ဂန္ဓဝင်ပန်းချီကားပုံ ဖြစ်ပါတယ်။
ငွေစက္ကူသစ်ရဲ့ပုံတွေကို သုံးဘက်မြင်ရုပ်ကြွ three dimension အဖြစ် ဖန်တီးထားတာဖြစ်ပြီး ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ ငွေစက္ကူတွေထဲ ပထမဦးဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: (ကျော်ကျော်စိုး (ဂျပန်) ရဲ့ “ဂျပန်ငွေစက္ကူသစ်” သတင်းကို ခွင့်ပြုချက် တောင်ခံပြီး ထပ်ဆင့်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။)



