၂၀၂၃ Cobra Gold စစ်ရေးလေ့ကျင့်မှု ဖေဖေါ်ဝါရီ၂၇ က မတ်၁၀ ရက်အထိ ၁၂ရက်တာ ကျင်းပနေ

ဘန်ကောက်၊ မတ် ၁

နှစ်စဥ်ကျင်းပနေကြ Cobra Gold စစ်ရေးလေ့ကျင့်မှုကို  အခုနှစ်၂၀၂၃ မှာ လေ့လာသူတွေ အပါအဝင် နိုင်ငံ ၃၀ က အမှုထမ်းပေါင်း ၇၃၉၄ ဦး ပါဝင် လေ့ကျင့်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒိ စစ်ရေးလေ့ကျင့်မှုကို  ဖေဖော်ဝါရီ ၂၇ ရက် ကနေ မတ်လ ၁၀ ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပနေတာလည်း ဖြစ်ပါတယ်။

Cobra Gold ဆိုတာက ၁၉၈၂ခုနှစ်ကစ ထိုင်းနိုင်ငံမှာ နှစ်စဥ် လုပ်လေ့ရှိတဲ့  နိုင်ငံစုံ ပါဝင်တဲ့ အင်ဒို-ပစိဖိတ် စစ်ရေးလေ့ကျင့်မှုကို နာမည်ပေးထားတာပါ။ အဓိကကတော့ အမေရိကန်တပ်တွေနဲ့ ထိုင်းတပ်တွေကြား ပိုမို နီးစပ်တဲ့ နှစ်စဥ် စစ်ရေးလေ့ကျင့်မှုပါ။ နဂိုမူလ ရည်ရွယ်ချက်ကတော့ လူသားချင်းစာနာထောက်ထားမှု ပေးဖို့အတွက် ရည်ရွယ်ရင်းပါ။

၂၀၂၁ အရောက်မှာတော့ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ပစိဖိတ်သမုဒ္ဒရာနိုင်ငံတွေ အပါအဝင် ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဗီယက်နမ်၊ ဂျာမနီ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘရာဇီးနဲ့ ဆွီဒင်၊ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ နီပေါ၊ ဖိလစ်ပိုင်၊ ဖီဂျီနှင့် နယူးဇီလန် တို့ပါဝင်လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ကစ မြန်မာစစ်တပ်က လေ့လာသူ အနေနဲ့ ပထမဆုံး တက်ရောက်လေ့လာခွင့်ရခဲ့ ပါတယ်။ ဒါပေမယ့် ၂၀၁၈ခုနှစ်အရောက်မှာတော့ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက် ဆက်နွယ်မှုတွေ ရှိတယ်ဆို တဲ့  အကြောင်း ပြချက်နဲ့  လေ့ကျင်မှုစစ်ဆင်ရေးရဲ့ အရေးပါတဲ့ အမေရိကန်က မြန်မာကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ ပါ တယ်။

ကြားကာလတွေမှာတော့  ပူးတွဲလေ့လာခွင့်တချို့ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ဖေဖေါ်ဝါရီမှာ စကျင်းပနေတဲ့ အမေရိကန်- ထိုင်း နှစ်၁၉၀ပြည့် မဟာမိတ်နှစ်ပတ်လည် အထိမ်းအမှတ် စစ်ရေး လေ့ကျင့်မှု အစီစဥ်မှာတော့  မြန်မာနိုင်ငံ ကိုယ်စားပြု ဖိတ်ကြားခံရတာ မျိုး မရှိဘူးလို့လည်း သိရပါတယ်။

Ref: RDJ Asian Defence  Journal

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *