၂၀၂၃ ထိုင်းရွေးကောက်ပွဲအတွက် မဲပေးပြီး နောက် မဲများရေတွက်နေ

၂၀၂၃ ထိုင်းရွေးကောက်ပွဲအတွက် တစ်နိုင် ငံလုံးက မဲပေးခွင့်ရှိသူပေါင်း သန်း၂၀ ကျော် က မေ၁၄မနက်နဲ့ နေ့လယ်ပိုင်းတွေ မှာ မဲပေးပြီးတဲ့နောက် မဲများရေ တွက်နေပါ ပြီ။

ညဦးပိုင်းလောက်မှာ မဲရလဒ်အချို့ပေါ် ထွက်လာပြီး အနိုင်အရှုံးကို အနီးစပ် ဆုံးခန့်မှန်းနိုင်မယ်လို့ဆိုပါတယ်။

ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်အရွေး ခံတဲ့ အဓိက နိုင်ငံရေးပါတီတွေကတော့ ဖူ ထိုင်းပါတီ၊ အမ်အက်ဖ်ပီ ပါတီ၊ ညီညွတ် သော ထိုင်းနိုင်ငံပါတီ တို့ပဲ ဖြစ်ကြပါတယ်။ အဲဒီပါတီအသီးသီးကို ကိုယ်စားပြုတဲ့ ဝန်ကြီး ချုပ်လောင်းတွေကတော့ ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာ ဝါထရာရဲ့သမီးဖြစ်သူ အသက် ၃၆နှစ် အရွယ် ပေတွန်တန်ရှီနာဝါထရာ၊ အသက် ၄၂နှစ်အရွယ် အမေရိကန်ပြန် လုပ်ငန်းရှင်သူဌေး ပီတာလင်မ်ဂျ ရိုယင် ရတ်နဲ့ အသက် ၆၉နှစ်အရွယ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာတို့ ပါ ပဲ။

သူတိုံ့သုံးဦးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထူးချွန်ကြသူတွေဖြစ်တဲ့အတွက် ဘယ်သူက ထောက်ခံသူအများဆုံးဖြစ်မယ်ဆိုတာ ထိုင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူအများစု ယတိပြတ်မခန့်မှန်းနိုင်ခဲ့ကြသလို မဲဆန္ဒရှင်တွေအနေနဲ့လည်း ကိုယ့်ကိုယ်စား လှယ်လောင်းတွေ နိုင်မယ် မနိုင်ဘူးလို႔ အခိုင်အမာ မပြောရဲဘဲ နောက်ဆုံးမဲရလဒ် ကိုစောင့်မျှော်နေကြတယ်လို့ ဆိုပါ တယ်။

Ref: Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *