၂၀၂၃ တစ်နှစ်ပတ်လုံးမှာ ဂျပန်နိုင်ရဲ့ ကလေးမွေးဖွားမှုနူန်း စံချိန်တင်နိမ့်ကျ

တိုကျို၊ ဖေဖေါ်ဝါရီ  ၂၇

ဂျပန်နိုင်ငံရဲ့  မွေးကင်းစကလေးငယ်အရေအတွက်ဟာ  ၂၀၂၃ ခုနှစ်ထဲမှာ ရှစ်နှစ်ဆက်တိုက် စံချိန်တင်နိမ့်ဆင်းသွားတယ်လို့ဖေဖေါ်ဝါရီ ၂၇ရက် အင်္ဂါနေ့ မှာ  အစိုးရက တရားဝင် အချက်အလက်တွေ ထုတ်ပြန်လိုက်ပါတယ်။ ဒီလို လူဦးရေ ကျဆင်းမှုဟာ နိုင်ငံအတွက် ရင်လေးစရာ လို့လည်း အစိုးရက ပြောပါတယ်။

မွေးဖွားတဲ့အရေအတွက်က အနှစ်ကထက် ၇၅၈၆၃၁ယောက် တစ်နည်း ၅ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အိမ်ထောင်ပြုတဲ့ အရေအတွက်ကလည်း  ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားတာမို့  နှစ် ၉၀ အတွင်း ပထမဆုံး အကြိမ် အရေအတွက် ၅၀၀၀၀၀ အောက်ကို ကျဆင်းသွာတာလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရ အချက်အလက်နဲ့  ပတ်သက်ပြီး  မေးမြန်းရာမှာ ထိပ်တန်း အစိုးရ ပြောရေးဆိုခွင့်ရှိသူက ကျဆင်းနေတဲ့ ကလေးမွေးဖွားနှုန်းကို ကိုင်တွယ်ဖြေရှင်းဖို့  အစိုးရဟာ ကလေးထိန်းတွေ တိုးပွားလာဖို့သာမက ငယ်ရွယ်တဲ့ အလုပ်သမားတိုင်းအတွက်  လုပ်ခလစာ တိုးမြှင့်ပေးတာမျိုးတွေနဲ့  ကျဆင်းနေတဲ့ ကလေးမွေးဖွားနှုန်းကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

“ကျဆင်းနေတဲ့ ကလေးမွေးဖွားနှုန်းက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့လည်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိမာဆ ဟာယရှိ  က သတင်းထောက်တွေကို ပြောပါတယ်။ “လူငယ်အရေအတွက် အရှိန်နဲ့ ကျဆင်းလာမယ့် ၂၀၂၃ခုနှစ်အထိ လာမယ့် ခြောက်နှစ်တာကာလဟာ  ကြိုးစားဖို့ နောက်ဆုံးအခွင့်အရေးဖြစ်လိမ့်မယ်” လို့လည်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ တွေ့ရခဲသွားတဲ့ ဂျပန်မိခင်နဲ့ ကလေးငယ်လေး

Feqture Image Credit: REUTERS/Issei Kato

Visited 38 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *