၂၀၂၃ စက်တင်ဘာရဲ့ စင်္ကာပူ တိုက်ခန်းအရောင်းအဝယ်အား က စံချိန်တင် ကျဆင်း

စင်္ကာပူ၊ အောက်တိုဘာ ၁၆

၂၀၂၃ စက်တင်ဘာလထဲမှာ စင်္ကာပူရဲ့ ကိုယ်ပိုင်အိမ်သစ်၊ အခန်းသစ် တွေရဲ့ ရောင်းအားဟာ ၂၀၂၂  ဒီဇင်ဘာနောက်ပိုင်း ကစပြီး အနိမ့်ဆုံးကို ထိုးကျသွားတယ်လို့   Urban Redevelopment Authority (URA) က အောက်တိုဘာ ၁၆မှာ ထုတ် ပြန်လိုက်တဲ့  အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ ၂၀၂၃ ဩဂုတ်လက ရောင်းရခဲ့တဲ့ ကွန်ဒိုက ၃၉၄ ယူနစ်ရှိခဲ့ပြီး စက်တင်ဘာလထဲမှာတော့ ၂၁၇ ယူနစ်သာ ရှိခဲ့တာမို့ ၄၄ ဒဿမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးလ ရောင်းအားက အရင်နှစ် အလားတူလမှာ ရောင်းချခဲ့ရတဲ့ အခန်း၉၈၇ ယူနစ်ထက်စာရင်၇၈ ရာခိုင်နှုန်း လျော့ နည်းခဲ့တယ်လို့ ဆိုပါတယ်။

စင်္ကာပူက အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီကြီး Edmund Tie ရဲ့ သုတေသနနဲ့ အတိုင်ပင်ခံ အကြီးအကဲ လမ် ချန်ဝွန်း ရဲ့စကားအရ”လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ပရောဂျက်အသစ်တွေကို  developer တွေက  ရပ်ထားရတယ်”လို့ သိရ ပါတယ်။

Singapore Realtors ရဲ့ သုတေသနနဲ့ ဒေတာခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အကြီးအကဲ မိုဟန် ဆန်ဒရာဆေဂေးရန်  ကတော့ ကျောင်းပိတ်ရက်တွေကိုအချက်တစ်ချက်အနေနဲ့ ထောက်ပြခဲ့ပြီး အခြားဈေးကွက်လေ့လာသူတွေ ကတော့ စီးပွားရေး နှေးကွေးမှုကြောင့်လို့ ထောက်ပြကြကြောင်းသိရပါတယ်။

Ref: CNA

ပုံစာစင်္ကာပူမြို့လယ်က ကွန်ဒိုများ

Feature Image Credit: CNA                                                        

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *