၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို လာမည့် ဇွန်လအတွင်း ထုတ်ပြန်သွားမည်

၂၀၂၃ခုနှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို လာမည့် ဇွန်လ အတွင်း ထုတ်ပြန်သွားရန် စီစဉ် ဆောင် ရွက်ထားကြောင်း မေလ၂၈ရက်နေ့ကမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လအတွင်းထုတ်ပြန်ပါက ထုတ်ပြန်မည့် နေ့ရက်နှင့် အစီအစဉ်ကို အများပြည်သူ သိရှိနိုင်စေရန် နိုင်ငံပိုင် သတင်းစာများ၊ နိုင်ငံပိုင် မီဒီယာများနှင့်မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/exams.mmmibextid=ZbWKwL တို့တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ခင်နှစ်များနည်းတူ သက်ဆိုင်ရာ စာစစ်ဌာန၊ ကျောင်းများတွင် အောင်စာရင်း ကပ်ထားကြေညားခြင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Websiteဖြစ်သော www.myanmarexam.org တွင် စာစစ်ဌာနများအားလုံး၏ အောင်စာရင်းများထုတ်ပြန်ကြေညာပေးခြင်း၊ ဝေးလံခေါင်ဖျား ဒေသများနှင့် အင်တာနက် ခက်ခဲသော ဒေသများအတွက် မြန်မာ့အသံ ရေဒီယိုမှ ကြေညာပေးခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Visited 95 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *