၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆို

စာမေးပွဲခန်းဝင်ဖို့ စောင့်နေကြပုံ
ဓါတ်ပုံ။CJ

ရန်ကုန်၊ မတ် ၈

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာတစ်နိုင်ငံလုံးမှာ မတ်လ၈ရက်နေ့ နံနက်၉နာရီကစတင်ပြီး ကျောင်းသား/သူတွေအနေနဲ့ မြန်မာစာဘာသာရပ်ကိုစတင်ဖြေဆိုနေပြီ ဖြစ်ပါတယ်။

စာမေးပွဲဖြေဖို့ လျှောက်လွှာတင်ခဲ့တဲ့ကျောင်းသား/သူအရေအတွက်ဟာ (၁၇၉၇၄၂)ယောက်ရှိပြီး သက်ဆိုင်ရာဘာသာရပ် တွေအလိုက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးက စာစစ်ဌာနအသီးသီးမှာ မတ်လ(၈)ရက်နေ့ကစတင်ပြီး မတ်လ(၁၈)ရက်အထိ ကျောင်းသား/သူတွေ ဝင်ရောက်ဖြေဆိုသွားကြမှာပါ။

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သက်ဆိုင်ရာဘာသာရပ်တွေအလိုက် ဝင်ရောက်ဖြေဆိုဖို့ ဖြေဆိုခွင့် လျှောက်လွှာတင်ခဲ့တဲ့ ကျောင်းသား/သူ အရေအတွက်ဟာ(၁၇၉၇၄၂)ယောက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လျှောက်လွှာတင်ခဲ့တဲ့ ကျောင်းသား/သူ စုစုပေါင်း(၃၁၂၄၂၄)ယောက်ရှိခဲ့ပြီး စာမေးပွဲကို လာရောက်ဖြေဆိုခဲ့သူ စုစုပေါင်း(၂၈၁၇၅၁)ယောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *