ဘန်ကောက်၊ နိုဝင်ဘာ ၂၄
ထိုင်းနိုင်ငံအနေနဲ့ အခုနှစ် ၂၀၂၃ ထဲမှာ တရုတ်နိုင်ငံက လာရောက်လည်ပတ်တဲ့သူ ၃ ဒသမ ၄ သန်း ကနေ ၃ ဒသမ ၅ သန်း အထိ မျှော်မှန်းထားတဲ့အကြောင်း ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) က ထုတ်ပြန် ပြောဆိုခဲ့ပေမယ့် လက် တွေမှာ ထင်ထားတာထက် ပိုများနေပြီလို့ သိရပါတယ်။
တရုတ်နိုင်ငံက ခရီးသွားတွေဟာ ထိုင်းနိုင်ငံရဲ့ခရီးသွား လုပ်ငန်းအတွက် အဓိက ရင်းမြစ်ဈေးကွက်တစ်ခုဖြစ်ပြီး ၂၀၁၉ ကပ် ရောဂါအကြိုကာလတုန်းကလည်း တရုတ်ခရီးသွား ၁၁ သန်းအထိ ရှိခဲ့ပြီး ထိုင်းနိုင်ငံကို တစ်နှစ် ပတ် လုံး လာလည် ပတ်သူ တွေရဲ့ လေးပုံတစ်ပုံကျော်ရှိတယ်လို့ သိရပါတယ်။
“တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးမှုက ခရီးသွားတွေအတွက် အသုံးစရိတ်လျော့ကျစေနိုင်ပါတယ်” လို့ TAT ရဲ့ အာရှနဲ့ တောင်ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံတကာစျေးကွက်ရှာဖွေရေး အကြီးအကဲ ချတ်တန် ကွန်ဂျရာ က သတင်းစာ ရှင်းလင်း ပွဲမှာ ပြောပါတယ်။
မကြာသေးခင်က ဘန်ကောက်မြို့ ကုန်တိုက်တစ်ခုမှာ ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့လို့ ခရီးသွားတွေရဲ့ ယုံကြည်မှုကို ထိခိုက်ခဲ့ရတဲ့ အကြောင်းကိုလည်း သူက ထည့်ပြောပါတယ်။
၂၀၂၃ ခုနှစ်အစပိုင်းကစပြီး နိုဝင်ဘာလအထိ စုစုပေါင်းနိုင်ငံခြားခရီးသွားဝင်ရောက်မှု ၂၃ ဒသမ ၈၈ သန်းရှိ အထိ ရှိနေ တယ် လို့လည်း မစ္စတာ ချတ်တန်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters/cm
ပုံစာ။ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်နေကြတဲ့ တရုတ်ခရီးသွားမိသားစု
Feature Image Credit: Bangkok post



