၂၀၂၃ခုနှစ်တစ်နှစ်တာလုံး ဝီကီပီးဒီးယားကို ဝင်ရောက် ကြည်ရှုတဲ့သူ ၈၄ဘီလျံရှိ

နယူးယောက်ခ့်၊ ဇန်နဝါရီ ၃

တစ်ကမ္ဘာလုံးကို အကျိုးအမြတ်မယူဘဲ အခမဲ့ ဖတ်ရှုအသုံးပြုခွင့်ပေးထားတဲ့ ဝီကီမီဒီယာဖောင်ဒေးရှင်းက ဦးစီး လုပ် ဆောင်နေတဲ့ အခမဲ့စွယ်စုံကျမ်း ဝီကီပီးဒီးယား ( Wikipedia ) ကို ၂၀၂၃ခုနှစ်တစ်နှစ်လုံး ဝင်ရောက်ကြည့်ရှုတဲ့သူ ၈၄ဘီလျံ ကျော်အထိ ရှိခဲ့တယ်လို့ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၃ခုနှစ်ထဲမှာ လူကြိုက်အများဆုံးနဲ့ လူကြည့်အများဆုံး စာမျက်နှာတွေက OpeanAI နဲ့ ကပတ်သက်တဲ့ စာမျက်နှာတွေ့ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှုတဲ့သူ ၄၉ ဒသမ ၄ ဘီလျံ အထိ ရှိခဲ့တယ်လို့  ဝီကီဖောင်ဒေးရှင်က ဆိုပါတယ်။

ဝီကီမီဒီယာ ဖောင်ဒေးရှင်းရဲ့  ဆက်သွယ်ရေးအရာရှိချုပ် အန်နူရှာ အလီခန်း က “ ဒီနေ့မှာ လူတွေက AI နဲ့ ပတ်သက် တာ တွေ ChatGPT စတဲ့ အရာတွေရဲ့ နောက်ကွယ်က နည်းပညာတွေကို အရမ်းသိချင်နေကြတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရတယ်” လို့  CNN နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

 ၂၀၀၃ခုနှစ်က စပြီး ထူထောင်ခဲ့တဲ့ ဝီကီမီဒီယာဖောင်ဒေးရှင်းဟာ အမေရိကန်မှာ အခြေစိုက်ထားတဲ့ အကျိုးအမြတ်မယူတဲ့ ပရဟိတ ဖောင်ဒေးရှင်းတစ်ခုဖြစ်ပြီး စေတနာဝန်ထမ်းပေါင်း လေးသိန်းကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတဲ့  အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၄ခုနှစ်က စပြီး ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးဖြစ်လာတဲ့ အိန္ဒိယနိုင်ငံမှာ ဝီကီပီးဒီးယားကို ပံ့ပိုးပေးနေတဲ့ အင်္ဂလိပ် ဘာသာဝီကီပီးဒီးယားစာမျက်နှာအတွက် စေတနာ့ဝန်ထမ်း အယ်ဒီတာ ၄,၇၀၀ လောက်ရှိတယ်” လို့လည်း  အလီခန်းက ပြောပါတယ်။ “ဒီ အရေအတွက်ဟာ  အမေရိကန်တို့ ဗြိတိန်တို့ထက် အများကြီးသာပါတယ်” ဆိုပြီးလည်း ပြောပါတယ်။

ကမ္ဘာကြီးက ဝီကီပီးဒီးယားကို လိုအပ်နေချိန်မှာ တရုတ်နိုင်ငံကတော့ သူ့နိုင်ငံသားတွေ အသုံးမပြုနိုင်အောင်  အခုချိန်ထိ ပိတ်ပင်ထားဆဲပဲလို့ သိရပါတယ်။

Ref: CNN

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *