၂၀၂၃ကမ္ဘောဒီးယားရွေးကောက်ပွဲပြီးဆုံးဟွန်ဆန်ဦးဆောင်တဲ့ပါတီသောင်ပြိုကမ်းပြိုအနိုင်ရ

ဇူလိုင်၂၃ရက်က၂၀၂၃ကမ္ဘောဒီးယား ရွေးကောက်ပွဲပြီးဆုံးသွားပါပြီ။ အဲဒီရွေး ကောက်ပွဲမှာ အသက် (၇၀)အရွယ် အာ ဏာရဝန်ကြီးချုပ်ဟွန်ဆန်ဦးဆောင်တဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီသောင်ပြိုကမ်းပြိုအနိုင်ရတယ်လို့ ရွေးကောက်ပွဲကော် မတီက ဇူလိုင်၂၄မှာ ပါတီပြောခွင့်ရသူ ဆော့ခ်အိုင်ဆန်က ထုတ်ဖော်ပြော တယ်။

စုစုပေါင်းစာရင်းရှိမဲဆန္ဒရှင် ၈ဒသမ ၁သန်းအနက် ရဲ့ ၈၄% မဲရုံအသီးသီးကို လာရောက် မဲပေးခဲ့တယ်လို့ ကမ္ဘောဒီး ယားရွေးကောက်ပွဲကော်မတီက အတည် ပြုတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ရွေးကောက်ပွဲတုန်း က ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယား ပြည်သူ့ ပါတီကိုပဲ မဲပေးခဲ့ကြတယ်။ တခြား ဘယ်ပါ တီမှ မဲမရခဲ့ဘူးလို့ သတင်းတွေမှာဖော်ပြ တယ်။ ဒီရွေးကောက်ပွဲမှာတော့ ဘယ်ပါ တီက မဲဘယ်လောက်ရသလဲ သတင်း ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ဆိုတယ်။

ဟွန်ဆန်ဟာ ဗီယက်နမ်ကွန်မြူနစ်စနစ် ကျင့်သုံးတဲ့အစိုးရကနေ ကုလသမဂ္ဂ အလိုကျပြောင်းလဲကျင့်သုံးခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်အရ ရွေးကောက်ခံရတဲ့ အစိုးရအထိ ၃၈နှစ်ကြာ အာဏာစွဲကိုင် ရယူခဲ့တယ်။

ဒီရွေးကောက်ပွဲအပြီးမှာ အသက်အရွယ် အရသူအနားယူပြီး သားကြီးဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးဖို့ ထောင့်စေ့ အောင် သူကြိုတင်ပြင်ဆင်ထားတာ သိသာ ထင်ရှားတယ်။ ၂၀၂၃ ကမောဒီယားရွေး ကောက်ပွဲဟာ မြင်းတစ်ကောင်တည်း ပြိုင် ပြီး ပြိုင်တဲ့မြင်းအနိုင်ရတဲ့မြင်းပွဲလိုပဲလို့ ပြည်ပသတင်းမီဒီယာတွေက ခိုင်းနှိုင်း ရေးသားဝေဖန်ထောက်ပြကြတယ်။

ဘယ်သူတွေ ဘယ်လိုပဲဝေဖန်သည် ဖြစ် စေ သူ့ဖက်က ထောင့်စေ့အောင် ကြိုတင် ပြင်ထားတဲ့ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်တယ်။ လာမယ့် ဩဂုတ် လထဲမှာ ဖခင် ဟွန်ဆန်ကနေ သား ဟွန် မာနက်ကိုအာဏာလွှဲပြောင်းပေးလိမ့် မယ်။

Ref: BBC, CNN

Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *