ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်၊ကျီးအိုင်ကျေးရွာ အုပ်စု၊ကုက္ကိုတောကျေး ရွာက ၂၀၂၂- ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ (ဝိဇ္ဇာဘာသာတွဲ) အမှတ် အများဆုံး ရရှိခဲ့တဲ့ကျောင်းသူမထိုက်သူ လင်းကို ရေ ကြည်မြို့နယ်၊ငါးသိုင်းချောင်း မြို့ကအလှူ ရှင်ဦးတင်အောင်မြင့်ဦး+ ဒေါ်အေးအေး ပိုင်မိ သားစုက ဇွန်လ၁၃ ရက်နေ့က ပညာသင် စရိတ်ဂုဏ်ပြုချီး မြှင့်ငွေကျပ်သိန်း ၁၀၀ကို ကျောင်းသူ လေးနေထိုင်ရာ ကုက္ကိုတောက ျေးရွာ ကနေအိမ်မှာ သွားရောက် ပေးအပ်ခဲ့ ပါတယ်။

မထိုက်သူလင်းဟာကျုံပျော်မြို့နယ်၊ကုက္ကို တော (အမက)နဲ့တောက်တဲ့ရိုး (အထက) တို့မှာ ပညာသင်ကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ မှာ ခြောက်ဘာ သာဂုဏ်ထူး၊ရမှတ် (၅၁၃)မှတ်နဲ့ (ဝိဇ္ဇာ ဘာသာတွဲ)မှာ တစ်နိုင်ငံလုံး အမှတ်အ များဆုံး (ပထမဆု)ရရှိခဲ့ တာဖြစ်ပါတယ်။
