
Photo Credit: Fu Jianbin/VCG/Getty Images
ဟောင်ကောင် (စီအန်အန်)၊ အောက်တိုဘာ ၇
ရာသီဥတုဖောက်ပြန်ပြီး အပူချိန်အဆမတန်မြင့်တက်လာတာကြောင့် တရုတ်နိုင်ငံရဲ့ ဒေသ တချို့မှာ စံချိန်တင်ဆိုးရွားလွန်းတဲ ရာသီဥတုနှင့် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
တောင်ပိုင်းကျန်ရှီး ပြည်နယ်ထဲက မြို့ကြီးတွေသာမက ခရိုင်အတော်များများမှာပါ မိုးခေါင်ရေရှားအန္တရာယ် သတိပေးချက်တွေ ဒါဇင်နှင့်ချီထုတ်ပြန်ထားသလို ကောက်ပဲသီးနှံစိုက်ခင်းတွေလည်း နှစ် ၅၀ အတွင်း အဆိုး ရွားဆုံး မိုးခေါင်တဲ့ အခြေအနေကို ကြုံတွေ့ရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
မြောက်ဘက်ဒေသ ဂန်ဆူး ပြည်နယ်ထဲက ချင့်ယန်မြို့မှာ ဆိုရင်တော့ အောက်တိုဘာ ၃ရက်နေ့ တနင်္လာနေ့ မှာ ၄၀ဒဿမ၉ ဒီဂရီစင်တီဂရိတ် (၁၀၅ဒီဂရီ ဖာရင်ဟိုက်) အထိရောက်ရှိမြင့်တက်ခဲ့တာမို့ အောက်တိုဘာလ အတွက် တော့ နိုင်ငံလုံးဆိုင်ရာအပူစံချိန်ကို ချိုးဖျက်လိုက်တာ ဖြစ်တယ်လို့ မိုးလေဝသဝန်ဆောင်မှု Ogimet က ထုတ်ပြန်ပါတယ်။
တောင်ပိုင်းပြည်နယ်တွေ ဖြစ်တဲ့ ဂွမ်ဒုံး၊ ဂွမ်ရှိးနဲ့ ဖူးကျင့် တွေမှာလည်းအောက်တိုဘာလ ပထမအပတ်မှာတင်ပဲ အပူရှိန် စံချိန်တင်ခဲ့ပါတယ်။
ဖူ့ကျန် တက္ကသိုလ်က ရာသီဥတု သိပ္ပံပညာရှင် ဖန်ကီရန် က “ဒါဟာ တကယ့်ကို ပုံမှန်မဟုတ်ဘူး အောက်တိုဘာလ မှာ ဒီလို စံချိန်ချိုးတဲ့ အပူချိန်မျိုး ဘယ်တုန်းကမှ မကြုံဖူးဘူး” လို့ ဆိုပါတယ်။
အမျိုးသားမိုးလေဝသဌာန (NMC) ကတော့ နိုင်ငံရဲ့ မြောက်ဘက်နဲ့ အလယ်ပိုင်းဒေသတွေမှာ လေအေးတွေ တိုက်ခတ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစောဆုံး အအေးလှိုင်းသတိပေးချက်တစ်ခုကိုတနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ပေမယ့် သုံးရက်အကြာမှာတော့ အဲ့ဒိထုတ်ပြန်ချက်ကို တရုတ်မိုးလေဝသစောင့်ကြည့်ရေးဌာနက ပြန်ရုတ်သိမ်းခဲ့ပြန်ပါတယ်။
NMCရဲ့ ခန့်မှန်းချက်အရကတော့ လာမယ့်ရက်တွေမှာ မွန်ဂိုလီးယားအတွင်းပိုင်းနဲ့ ဟေးလွန်ဂျန် ရဲ့မြောက်ပိုင်း ဒေသတွေမှာ ဆီးနှင်းအသင့်အတင့် ကျနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
သီးနှံတွေက တာရှည် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို မခံနိုင်တာမျိုး ၊ အအေးမခံနိုင်တာမျိုးတွေဖြစ်ပြီး အပင်တွေကြပြန်တော့ ဇီဝဖြစ်စဉ် ကြီးထွားမှုကို နှေးကွေးစေတတ်တာမို့ နိုင်ငံတစ်ဝန်း အပူချိန် အတက်အကျ မြန် လွန်းနေတာက လယ်ယာလုပ်ငန်းအတွက် အတော်အန္တရာယ်ရှိတယ်လို့ ပညာရှင်တွေက သတိပေးထားတယ်လို့ သိရပါတယ်။
Ref: CNN (Hang Kong)

Photo Credit: Reuters