၂၀၂၂ ခုနှစ် ကပင် အမျိုးသမီး နှစ်ဦးကိုသတ်၍ အလောင်းဖျောက်၊ပစ္စည်းယူခဲ့သည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးကိုဖော်ထုတ်ဖမ်းဆီး

လွန်ခဲ့သော ၂၀၂၂ ခုနှစ် ကပင် အမျိုးသမီး နှစ်ဦးကိုသတ်၍ အလောင်းဖျောက်၊ပစ္စည်းယူခဲ့သည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးကိုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သိရသည်။

ယင်း အမျိုးသားနှင့် အမျိုးသမီးတို့ကို ပြီးခဲ့သည့် မေလ ၁၅ ရက်တွင် မသင်္ကာဖွယ်ရာ ဖမ်းမိရာမှ စစ်ဆေးချက်များအရ အမှုပေါ်ပေါက်သည့်အတွက် ဖျောက်ဖျက်မြှုပ်နှံထားသည့် အလောင်းများကို မေလ ၂၀ ရက်တွင် ပြန်လည် တူးဖော်ခဲ့ကြကြောင်း သိရသည်။

ယင်းတို့ လူသတ်၍ လက်ဝတ်လက်စားများ ယူဆောင်ကာ အလောင်းဖျောက်ထားသူများမှာဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊ဒေါ်ညိမ်းကျေးရွာအုပ်စု၊ဒေါ်ညိမ်းနယ်မြေ၊သရက်တောကျောင်းလမ်း၊အမှတ်(၃)ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ်

မသန်းသန်းမြင့် နှင့် ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊မြို့ကုန်းကျေးရွာအုပ်စု၊ကံစုကျေးရွာတွင်နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မဇင်မျိုးသူ တို့ ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊ဒေါ်ညိမ်းကျေးရွာအုပ်စု၊ဒေါ်ညိမ်းနယ်မြေ၊သရက်တောကျောင်းလမ်း၊အမှတ်(၃)ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် မသန်းသန်းမြင့် မှာ လွန်ခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက် နံနက်တွင် နေအိမ်မှ ဈေးသွားရောင်းရင်း ပျောက်ဆုံးနေခြင်း ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊မြို့ကုန်းကျေးရွာအုပ်စု၊ကံစုကျေးရွာတွင်နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မဇင်မျိုးသူ မှာ နေအိမ်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က နံနက်ကပင် ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းပျောက်ဆုံးသူများနှင့်ပတ်သက်၍ လူပျောက် တိုင်တန်းမှုများ ပြုလုပ်ထားကြသောကြောင့် သက်ဆိုင်ရာက အဆိုပါ အမှု နှစ်ခုလုံးနှင့် ပတ်သက်ခဲ့သည့် မသင်္ကာဖွယ်ဖြစ်သည့် ဖျာပုံမြို့နယ်၊ဒေါ်ညိမ်းကျေးရွာအုပ်စု၊ခါးပြတ်ကျေးရွာနေသူ အသက် ၂၇ နှစ်အရွယ်ရှိ မျိုးညွန့် ဆိုသူနှင့် ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊ဟုမ်းလမ်းရပ်ကွက် နေ အသက် ၃၆ နှစ်အရွယ် နန်းအေးခမ်း တို့ကို့ဖမ်းဆီးခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ဆေးမေးမြန်းချက်များအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက်က ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဒေါ်ညိမ်းကျေးရွာ(၃)ရပ်ကွက်၊ သရက်တောကျောင်းလမ်း တွင် နေထိုင်ပြီး ဒေါ်ညိမ်းအုပ်စု၊ ခါးပြတ်ကျေးရွာအတွင်း ငါးများလိုက်လံရောင်းချနေသည့် ဒေါ်မြင့်မြင့်သန်း အား နန်းအေးခမ်းမှ ငါးဝယ်မည်ဟု ပြော၍ နေအိမ် အတွင်း ခေါ်ဆောင်ခဲ့ကာ နေအိမ်တံခါးပိတ်ပြီး မျိုးညွန့်မှ ပါးစပ်ပိတ်ချုပ်ကိုင်ထားကာ နန်းအေးခမ်းက ဓါးမြှောင်ဖြင့် ဝမ်းဗိုက်၊ ရင်အုံနှင့် လည်ပင်းတို့ကို ထိုးသတ်ခဲ့ကာဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး၊ ရွှေလက်စွပ်နှင့် ရွှေနားကပ်တို့ကို ဖြုတ်ယူ၍ အလောင်းကို ပီနံအိတ်အတွင်းထည့်သွင်းလျက် နေအိမ်နောက်ဖေးခြံဝင်းအတွင်း မြေကျင်းတူး ပစ်ချမြေဖို့ မြှုပ်နှံဖျောက်ဖျက်ထားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က ဒေါ်ညိမ်းနယ်မြေ၊အေးကုန်းကျေးရွာသချိုင်းအနီးတွင် သမီးရည်းစားဖြစ်ခဲ့သူ မဇင်မျိုးသူ နှင့် မျိုးညွန့် ဆိုသူတို့ ချိန်းဆိုကြောင်း၊ချိန်းတွေ့ကြစဉ် နန်းအေးခမ်း က မျိုးညွန့်၏အမအဖြစ်ဟန်ဆောင်ကာလူစောင့်ကြည့်ပေးရန်မနီးမဝေးတွင်ရှိနေပြီးနောက်နန်းအေးခမ်းကမျိုးညွန့်ကိုမျက်စိတစ်ဖက်မှိတ်ပြစဉ်မျိုးညွန့်ကမဇင်မျိုးသူ၏ပါးစပ်ကိုလက်နှင့်ပိတ်ကာသိုင်းချုပ်ထားပြီးနန်းအေးခမ်းကအသင့်ယူဆောင်လာသည့်ဓားမြှောင်နှင့်မဇင်မျိုးသူ၏လည်ပင်း၊ရင်အုံနှင့်ဝမ်းဗိုက်တို့ကိုထိုးသတ်ခဲ့ကာရွှေဆွဲကြိုးနှင့်ရွှေနားကပ်တို့ကိုဖြုတ်ယူ၍ အလောင်းကိုအနီးရှိမြေကျင်းအဟောင်းသို့ပစ်ချမြှပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလောင်းနှစ်လုံးကို ပြန်လည် တူးဖော်ရာတွင် ပျောက်ဆုံးနေသူများ ဟုတ်မှန်ကြောင်းလည်း အတည်ပြုပြီး ဖြစ်ကြောင်း ၊ ယင်းကြောင့် မျိုးညွန့်နှင့်နန်းအေးခမ်းတိုနှစ်ဦးကို ဒေါ်ညိမ်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂/၃၉၂/၂၀၁/၃၄ အရ အမှုဖွင့်လှစ်စစ်ဆေးနေကြောင်းသိရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *