၂၀၁၈က လှိုဏ်ဂူထဲ ပိတ်မိခဲဖူးတဲ့ထိုင်းလူငယ်ဘောလုံး အသင်းခေါင်းဆောင် ဒွန်ဂက် ပရွန်ထစ်ပ် ယူကေမှာ ကွယ် လွန်

၂၀၁၈ခုနှစ်က တွေ့ရတဲ့ ပရွန်ထစ်ပ်
Photo Credit :GETTY IMAGES

လက်စစ်စတာ၊ ဖေဖေါ်ဝါရီ ၁၅

၂၀၁၈ ခုနှစ်က ကမ္ဘာကျော်ခဲ့တဲ့  လှိုဏ်ဂူထဲ ပိတ်မိခဲ့လို့ ကယ်ဆယ်ခဲ့ရတဲ့ ထိုင်းလူငယ်၁၂ ဦးထဲက တစ်ယောက် အပါအဝင်ဖြစ်တဲ့ တောဝက်လူငယ်ဘောလုံးအသင်းခေါင်းဆောင် ဖြစ်ခဲ့တဲ့ နွန့် ဒွန်ဂက် ပရွန်ထစ်ပ် တစ်ယောက် ဖေဖေါ်ဝါရီ ၁၄ရက် အင်္ဂါနေ့ က အသက် ၁၇နှစ်အရွယ်မှာ သေဆုံးသွားပြီလို့ သိရပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ဦးခေါင်းဒဏ်ရာ ရထားတယ်လို့ ကနဦးသတင်း တွေမှာ ဖော်ပြကြ ပါတယ်။

ပရွန်ထစ်ပ်ဟာ ပြီးခဲ့တဲ့၂၀၂၂ ကုန် ကာလတုန်းက ယူကေနိုင်ငံ လက်စစ်စတာရှိုင်းယားမှာရှိတဲ့ ဘရွတ်ခ်ဟောက်စ် ဘောလုံး အကယ်ဒမီမှာ စာရင်းပေးသွင်း တက်ရောက်နေတာလည်း ဖြစ်ပါတယ်။

ပရွန်ထစ်ပ်ဟာ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် စူးစမ်းလေ့လာရေး ခရီးစဥ်တစ်ခုမှာ သူတို့ရဲ့ ဘောလုံး နည်းပြနဲ့အတူ လှိုဏ်ဂူထဲ နှစ်ပတ်ကြာ ပိတ်မိနေခဲ့ဖူးတဲ့ လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနေ့ သတင်းကြားကြားချင်း လှိုဏ်ဂူမှာ အတူပိတ်မိခဲ့ကြဖူးတဲ့  အသင်းဖော်တွေက သူတို့ရဲ့လူမှုမီဒီယာ အကောင့်တွေမှာ သတင်းကို မျှဝေခဲ့ကြပါတယ်။

ပရွန်ထစ်ပ်ကို အင်္ဂလန်မှာ ပညာသင်ကြားဖို့ ကူညီပေးခဲ့တဲ့ အကျိုးအမြတ်မယူတဲ့ ထိုင်းအခြေစိုက် Zico Foundation ကလည်း ဝမ်းနည်းကြောင်းဖေ့စ်ဘွတ်ခ် မှာ ဖော်ပြခဲ့ပါတယ်။

၂၀၁၈ခုနှစ် ဇွန်လ ၂၃ရက်နေ့က လူငယ်ဘောလုံးအသင်းသား ၁၂ယောက်ရယ် သူတို့နည်းပြရယ် အားလုံး ၁၃ယောက်ဟာ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က ဂူထဲမှာနှစ်ပတ်ကြာ ပိတ်မိနေခဲ့တာမို့ ထိုင်းအပါအဝင် နိုင်ငံတကာက ရေငုတ်သမား ၁၀၀နီးပါး ကပူးပေါင်း ကယ်ဆယ်ခဲ့ရပြီး ရေငုတ်သမားတချိုဆို အသက်ပါပေးခဲ့ကြ ရတာဖြစ်ပါ တယ်။

ခက်ခဲပြီး အသက်အန္တရာယ်ကြီးမားလွန်းတဲ့ ဒီ ကယ်ဆယ်ရေး ဖြစ်စဥ်တွေကို တစ်ကမ္ဘာလုံးက အချိန်နဲ့ တစ်ပြေး ညီ စောင့်ကြည့် ခဲ့ကြပြီး နောက်ပိုင်းမှာတော့ စာအုပ်တွေ ၊ရုပ်ပြတွေသာမက နက်ဖလစ်ကပါ ရှပ်ရှင်ဇာတ် ကား အဖြစ် ရိုက်ကူးခဲ့ရလောက်အောင် ထင်ရှားခဲ့တဲ့ ဖြစ်ရပ်တစ်ခု အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

Ref: BBC

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *