၁၉ ကြိမ်မြောက် ကုလသမဂ္ဂတောရိုင်းတိရိစ္ဆာန် ညီလာခံ က သဘာဝမျိုးစိတ် ၅၀၀ကို ကာကွယ်ဖို့ ဆုံးဖြတ်သဘောတူညီချက် ချမှတ်နိုင်ခဲ့

ဦးချိုအဖြတ်ခံရပြီး သေဆုံးသွားတဲ့ တောင်အာဖရိက က ကြံ့တစ်ကောင်
Photo Credit: BRENT STIRTON/GETTY IMAGES

ပနားမား၊ နိုဝင်ဘာ ၂၆

နိုင်ငံပေါင်း ၁၆၀ က ကိုယ်စားလှယ်တွေပါဝင်တဲ့ CITES CoP19 လို့ လူသိများတဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ညီလာခံကို နိုဝင်ဘာ ၁၄ ရက်ကနေ  ၂၅ ရက်အထိ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒိ အစည်းအဝေးမှာ တိရစ္ဆာန်နဲ့  အပင်မျိုးစိတ်ပေါင်း ၆၀၀ နီးပါးရဲ့  အနာဂတ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကိစ္စက ရှေ့တန်းကပါပါတယ်။ဒါ့အပြင်  စုစုပေါင်းလူ ၂,၅၀၀ ကျော်ဟာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကွန်ဗင်းရှင်းကနေ အဆုံးအဖြတ်ပေးတဲ့ အဖွဲ့ရဲ့ အကာအကွယ်ပေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ ဆန္ဒပြုခဲ့ကြပါတယ်။

အစီအမံတွေကိုတော့ အတိုကောက် အနေနဲ့ CITES လို့ လူသိများတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်တွေ၊ မျိုးသုဉ်းလုနီးပါးမျိုးစိတ်တွေကို နိုင်ငံတကာမှာ ရောင်းချနေတာတွေကို တားမြစ်ပိတ်ပင်ဖို့ နိုင်ငံတကာကုန်သွယ်မှု ဆိုင်ရာသဘောတူစာချုပ်နဲ့ အတည်ပြုခဲ့ပါတယ်။

 ငါးဖမ်းလုပ်ငန်းတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ငါးမန်းကောင်ရေ ကျဆင်းလာကာ နှစ်စဉ်သေဆုံးမှု သန်း ၁၀၀ လောက် အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။  တရုတ်နဲ့ အာရှဒေသထဲက နေရာအတော်များများမှာ ရေပန်းစားတဲ့  ငါးမန်းတောင်ဟင်းချို ချက်ပြုပ်ဖို့ အဓိကကျတဲ့ ငါးမန်းဆူးတောင်တွေ ရဖို့ နှစ်စဥ် ငါးမန်းကောင်ရေ သန်းနဲ့ချီဖမ်းနေကြတာလို့ ဆိုပါတယ်။

  ထိုင်ဝမ်က ငါးဈေးတစ်မှာ ငါးမန်းတောင်တွေ လှီးဖြတ်နေပုံ ( ၂၀၁၂ က နိုင်ငံတကာဆုရ ဓါတ်ပုံ တစ်ပုံ ဖြစ်ပါတယ်)
 Photo Credit: PAUL HILTONE/WILDLIFE PHOTOGRAPHER OF THE YEAR 2012

အစည်းဝေးနှစ်ပတ်ကျော် ကာလထဲမှာ  မျိုးသုဉ်းလုနီးပါးမျိုးစိတ်တွေ  ရောင်းဝယ်ဖောက်ကားနေတာကို တိုက်ဖျက်ဖို့ နိုင်ငံပေါင်း ၂၀၀နီးပါး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီမှာ လွန်ခဲ့တဲ့၄၉ နှစ်က ချမှတ်ခဲ့တဲ့  အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု သဘောတူစာချုပ် ရဲ့ အကာအကွယ်ကြောင့်  ဆင်စွယ်တွေ၊ ကြံ့ချိုတွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားတဲ့ တရားမဝင် လုပ်ရပ်တွေကိုဟန့်တားနိုင်ခဲ့တဲ့ အပြင် ဝေလငါးတွေနဲ့ ပင်လယ်လိပ် တွေကိုပါ အကာအကွယ် ပေးနိုင်ခဲ့လို့  ချီးကျူးဂုဏ်ပြု့ခံခဲ့ရပါတယ်။

ဒိနောက် ထူးဆန်းတဲ့အသွင်အပြင်ရှိတဲ့ Glass လို့ခေါ်တဲ့  ဖားလေးတွေဟာ သူတို့ရဲ့ နေရင်းဒေသဆုံးရှုံးတာနဲ့အတူ ရောဂါ ဘယ နဲ့ အိမ်မွေးတိရစ္ဆာန် အဖြစ် လူကြိုက်များလာတာ အစရှိတဲ့ သူတို့ရဲ့ကျော်ကြားမှုကြောင့် သူတို့လေး တွေ မူရင်းဘဝကို အပြင်းအထန်ထိခိုက်ခဲ့ကြောင်း နိုင်ငံတကာ တိရစ္ဆာန်သက်သာချောင်ချိရေးရန်ပုံငွေအဖွဲ့ ဒါရိုက်တာ  ဂျိုအာကင် ဒေ လာ တိုရေး က ပြောပါတယ်။

 “ဒါကို ကျွန်တော်တို့ စောင့်နေတာ သုံးနှစ်ရှိပါပြီ” ဟု ဒေ လာ တိုရေးက ကာကွယ်မှုတွေနဲ့ပတ်သက်လို့ ပြောပါတယ်။ “သူတို့က အရမ်းချစ်စရာကောင်းတဲ့ မျိုးစိတ်တွေပါ။” လို့လည်း  ဆိုပါတယ်။

သမိုင်းမတင်မီကာလ ကတည်းက ပေါက်ဖွားခဲ့တဲ့ Matamata လို့ခေါ်တဲ့  တောင်အမေရိက ရေချိုလိပ်တွေ ရောင်းဝယ် ဖောက် ကားနေတာကိုလည်း  ကန့်သတ်ဖို့  ညီလာခံမှာ  မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် အဆိုပြုချက် ၅၂ ခုထဲက  သစ်ပင်မျိုးစိတ် ဒါဇင်ပေါင်းများစွာအပေါ် ကန့်သတ်ချက်တွေနဲ့ အတူ အကာအကွယ်ပေးရေးအပါအဝင် အဆိုပြုချက် ၄၆ ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။

သဘာဝ မှတ်တမ်းရုပ်ရှင်တွေမှာ အမြဲလိုလို  ပုံမှန်တွေ့နေကျဖြစ်တဲ့ ရေမြင်းတွေကိုတော့ အစည်းဝေးကြီး ကနေ စီးပွားဖြစ် ကုန်သွယ်မှုအကန့်အသတ်နေနဲ တားမြစ်ဖို့ အဆိုပြုချက်ကို  နိုင်ငံတချို့က  မျှော်လင့်ခဲ့ပေမယ့် အဲ့ဒိ အဆိုပြုချက်ကို အစည်းဝေးကြီးက အတည်မပြုခဲ့ဘူးလို့လည်းသိရပါတယ်။

ရေမြင်း ကုန်သွယ်မှုကို တားမြစ်ပေးဖို့ တင်လာတဲ့ အဆိုပြုချက်ကို ဥရောပသမဂ္ဂ၊ အာဖရိကနိုင်ငံတချို့နဲ့ ထိန်းသိမ်းရေးအဖွဲ့အများအပြားက ဆန့်ကျင်ခဲ့ကြပြီး  ဒီနေ့ နိုင်ငံအများအပြားမှာ  ကျန်းမာ သန်စွမ်းပြီး လုံလောက်တဲ့  ရေမြင်းတွေ  ရှင်သန်နေပြီး ဒီနေ့ တားမြစ်နေတဲ့ ကုန်သွယ်မှု မှာ ရေမြင်းတွေ ကျဆင်းမှုအတွက် အကြောင်းရင်းမဟုတ်ဘူးလို့ လည်း  ငြင်းခုံခဲ့ကြကြောင်း သိရပါတယ်။

Ref: cna

နိုက်ရိုဘီနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ဆင်ဆွယ်တွေကို မီးရှို့ဖျက်ဆီးနေပုံ
Photo Credit: Andrew Holbrooke/Corbis ( 1991)
ဈေးကွက်ထဲက ဖားကလေး တစ်ကောင်
Visited 20 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *