တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်း ပနေတဲ့ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲမှာ မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းဟာ အောက်တိုဘာလ ၄ရက်နေ့မနက်ပိုင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့တယ်လို့နိုင်ငံတကာအားကစားသတင်းများအရ သိရပါတယ်။
မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းဟာ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအမျိုးသားပိုက်ကျော်ခြင်းအသင်းနဲ့ဆုံတွေ့ခဲ့ရပြီး အင်ဒိုနီးရှားအသင်းကို နှစ်ပွဲပြတ်အနိုင်ရရှိပြီး ပထမ ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရှိခဲ့တာလို့ သိရပါတယ်။


၁၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိ အားကစားနည်း ပေါင်း၄၀မျိုး မှ ပြိုင်ပွဲအမျိုးအစား ၄၈၁ မျိုးနဲ့ ကျင်းပနေတာဖြစ်ပြီး မြန်မာအားကစားအဖွဲ့အနေနဲ့ ဘောလုံး၊ဝူရှူး၊ ရိုးရာလှေ၊ပိုက်ကျော်ခြင်း၊တိုက်ကွမ်ဒို၊မြားပစ်နဲ့ E-Sportစတဲ့ အားကစားနည်း၇မျိုးကိုအမျိုးသား ၆၃ ဦးနဲ့ အမျိုးသမီး ၄၈ ဦး စုစုပေါင်း ၁၁၈ ဦး ဝင်ရောက် ယှဥ်ပြိုင်နေတာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က အင်ဒိုးနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့မြန်မာအားကစားအဖွဲ့ဟာ ကြေးတံဆိပ်ဆုနှစ်ခုသာ ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံလိုက်အနေနဲ့ အဆင့် ၃၅ သာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။