၁၈ဘီးကားရဲ့ ထပ်ဆင့်တိုက်မှုကြောင့် ၁ဦးသေ၊၁၀ဦးကျော်ဒဏ်ရာရမှု ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ဖြစ်ပွါး

၂၆ နိုဝင်ဘာ၊၂၀၂၃

ရန်ကုန်-မော်လမြိုင်၊ကားလမ်းမပေါ် ရပ်နားထားတဲ့၆ဘီးယာဉ်ကို ၁၈ ဘီး တွဲယာဉ်က အရှိန်မထိန်းနိုင်ဘဲ တိုက်မိရာကနေတဆင့် အခြားခရီးသည်တင်ယာဥ်အားထပ်ဆင့်တိုက်မိခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး၊၁၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ၊၂၆ရက်နေ့မနက်ပိုင်း၅နာရီ၊၄၅မိနှစ်အချိန်က၊ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၇၆/၅)နှင့် (၇၆/၆)ကြားမှာဖြစ်ပွားခဲ့တာလို့ ဝေါမြို့နယ်မီးသတ်စခန်းကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ၁၈ဘီး ယာဉ်မှ ယာဉ်မောင်းကျား(၁)ဦး (သေဆုံး)ပြီး SCANIA ခရီးသည်တင်ယာဉ်မှ မ(၂)ဦး၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)နဲ့ မ(၇)ဦး၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ဝေါမြို့နယ်ပရဟိတအသင်းနဲ ဖြူစင်မေတ္တာပရဟိတအသင်းမှ ယာဉ်များဖြင့် ဝေါပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *