(၁၆)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံ ဆိပ်တော်ရ သာသနာ့အာဇာနည်တစ်ပါး ပေါ်ထွက်

■(၃၃)ရက်ကြာကျင်းပခဲ့တဲ့ (၇၆) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကနေ ပေါ်ထွက်လာတာဖြစ်

၂၀၂၃ခုနှစ် ဒီဇင်ဘာလ၂၆ရက်ကနေ ၂၀၂၄ခုနှစ် ဇန်နဝါ ရီလ ၂၇ရက်အထိ (၃၃)ရက်ကြာကျင်းပခဲ့တဲ့ (၇၆) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးမှာ မြန်မာနိုင်ငံရဲ့ (၁၆)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲတံဆိပ်တော်ရ သာသနာ့အာဇာနည်တစ်ပါး ပေါ်ထွက်လာတယ်လို့ နိုင်ငံတော်ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

(၁၆)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်မှာ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊တိပိဋကနိကာယကျောင်းတိုက်က သက်တော် ၅၉ နှစ်၊ သိက္ခာတော် ၃၉ ဝါရှိ အရှင်ပညာသိရီလင်္ကာရ ဖြစ်ပါတယ်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှာဝိနယပိဋကဝိနည်းပထမပိုင်း နှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်းဒုတိယ ပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ်သုံယကျမ်း၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်း ငါးကျမ်းနှင့်အဘိဓမ္မပိဋကအဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်းတို့ကို “တိပိဋကဓရ” ဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး “တိပိဋကကောဝိဒ” ဘွဲ့အတွက် သဘောရေးဖြေစာ မေးပွဲဖြေဆိုခဲ့ရတယ်လို့ သိရပါတယ်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်)တွင် စတင်ကျင်း ပခဲ့ရာ ယခုအချိန်ထိ (၇၆) ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ပြီး ပထမအကြိမ်မှ (၇၅) ကြိမ်အထိ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ၁၅ ပါး ပေါ်ထွန်းခဲ့ပြီး ဖြစ်ကာ (၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲမှာ (၁၅) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ပေါ်ထွန်းခဲ့ပြီးနောက် (၄) နှစ်အကြာ ယခုနှစ် ၁၃၈၅ ခုနှစ် (၂၀၂၄) ခုနှစ် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲမှာ(၁၆) ပါးမြောက်အဖြစ် တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာခဲ့တာလို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *