၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ခံခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံ ပြန်လာ

ဘန်ကောက်၊ ဩဂုတ် ၂၂

ထိုင်းပါလီမန်မှာ ဝန်ကြီးချုပ်သစ်အတွက် မဲမဆုံးဖြတ်မီ နာရီပိုင်း အလိုမှာပဲ ထိုင်းရဲ့ ခေါင်းဆောင်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ခံခဲ့ရပြီးတဲ့ နောက် သြဂုတ် ၂၂ ရက် အင်္ဂါနေ့ မှာ မိခင်မြေ ထိုင်းနိုင်ငံ နိုင်ငံ တော်ဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

သန်းကြွယ်သူဌေးကြီး မစ္စတာသက်ဆင် တစ်ယောက် ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ထိုင်းစံတော်ချိန် နံနက် ၉ နာရီမှာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဆင်းသက်နေတဲ့အချိန် ရာနဲ့ချီတဲ့ ရှပ်နီထောက်ခံသူတွေက အလံတွေဝှေ့ယမ်းကာ သီချင်းတွေဆိုပြီး ကြိုဆိုခဲ့ကြပါတယ်။

သက်ဆင်က လေဆိပ်အဆောက် အအုံထဲက ထွက်လာပြီး ဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ ပုံတူကို ပန်းကုံးစွတ်ကာ ဦးညွှတ်အရိုသေပေးခဲ့ပါတယ်။ပြီးတော့ ထောက်ခံသူတွေကို လက်ဝှေ့ယမ်း နုတ်ဆက်ပါတယ်။

မန်ချက်စတာစီးတီးအသင်းပိုင်ရှင်ဟောင်းလည်း ဖြစ်သူ သက်ဆင်ဟာ အာဏာအလွဲသုံးစားလုပ်မှုနဲ့ အဖမ်းမခံရခင် ထောင်ဒဏ် ကနေရှောင်လွှဲတဲ့အနေနဲ့ ၂၀၀၈ ခုနှစ်မှာ ပြည်ပကို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာ သူ့သမီးငယ် နဲ့ ဖြူထိုင်းပါတီ ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး ဆရီတာ ထာဗီဆင်း ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက နေ့လယ်ပိုင်းမှာ မဲပေးကြ မှာ လည်း ဖြစ်ပါတယ်။

“ရှင်နာဝပ်မိသားစုနဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်အတွက် ဂုဏ်ယူပါတယ်။ မိသားစုနဲ့အတူ မွေးရပ်မြေကို ပြန်ရောက် တော့ ဒိထက် ပိုပျော်စရာမရှိဘူး”ဆိုပြီး ထာဗီဆင်းက X ဆိုရှယ်မီဒိယာ( Twitter) မှာ ရေးသားခဲ့ပါတယ်။

သက်ဆင်နဲ့ ပတ်သက်တဲ့ အမှုကိစ္စနဲ့ ပတ်သက်တဲ့ သတင်းအပါအဝင် အခြားသတင်းတွေတော့ အခု ချိန်ထိထွက် ပေါ်လာ တာ မရှိသေးဘူးလို့ သိရပါတယ်။

Ref: CNA

Leave a Reply

Your email address will not be published. Required fields are marked *