၁၄ ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကာယဗလမောင်ငြိမ်းချမ်းရွှေတံဆိပ်ဆုရရှိ

တောင်ကိုးရီးယားနိုင်ငံတွင် နိုဝင်ဘာလ၆ရက်မှ၁၁ရက်အ ထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း(၄၂)နိုင်ငံက ကာယဗလအားကစား

သမားတွေဝင်ရောက် ယှဥ်ပြိုင်ကြတဲ့ ၁၄ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲရဲ့ Men’s Sport Physique up to 175 cm ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကာယဗ လမောင်ငြိမ်းချမ်းက ရွှေတံဆိပ်ဆုရရှိခဲ့တယ်လို့ သိရပါတယ်။

၁၄ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မြန်မာနိုင်ငံက ကာယဗလမောင်တွေဖြစ်တဲ့ ရဲထွန်းနောင်နဲ့ငြိမ်းချမ်းတို့ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ရဲထွန်းနောင်က Bodybuilding (70)kgပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့ပြီး ငြိမ်းချမ်းကMen’s Sport Physique up to 175 cm ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရရှိခဲ့တာကြောင့် ကာယဗလမောင်နှစ်ဦးစလုံး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာနိုင်ငံဂုဏ်ဆောင် ကာယဗလမောင်ငြိမ်းချမ်းဟာ အရှေ့တောင်အာရှအဆင့်ချန်ပီယံ ၂ ကြိမ်နဲ့အာရှအဆင့် ချန်ပီယံ ၁ ကြိမ်ကိုလည်း ရရှိထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *