ရန်ကုန်-ပြည်ကားလမ်းတွင် ၁၂)ဘီးယာဉ် က (၂၂)ဘီးယာဉ်ကို ဝင်တိုက်မှု ယနေ့ဇွန်လ ၄ ရက် နံနက်ကဖြစ်ပွာခဲ့ရာ(၁၂)ဘီးယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရယနေ့ ဇွန်လ ၄ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သပြေစမ်းရွာအနီး၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၀၀/၁ အနီးတွင် Hino. Profia အဖြူရောင် (၁၂)ဘီးယာဉ် က (၂၂)ဘီးယာဉ်ကို ဝင်တိုက်ခဲ့ကြောင်း၊အခင်းဖြစ်ရာနေရာသို့မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၂၂ မိမိနစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်၊၊
ဒဏ်ရာ ရရှိခဲ့သည့် Hino. Profia အဖြူရောင် (၁၂)ဘီးယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး အား မင်းလှမြို့နယ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် သာယာဝတီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
