၁၂တန်း ကျောင်းသားတစ်ဦး ရထားတိုက်မိ

◼️ရန်ကုန်မှာ

၁ မတ်၊၂၀၂၄

ရန်ကုန် တာမွေမြို့နယ် ထဲက မေတ္တာညွှန့်ဘူတာမှာ ဒီကနေ့နေ့လယ် က အသက်၁၈နှစ်အရွယ် ၁၂တန်းကျောင်းတဦး ရထားတိုက်မိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ အနီးအနား နေသူတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ပေးသူအချို့ဆီက သိရပါတယ်။

တိုက်မိတဲ့ကျောင်းသားဟာ ILBCအင်တာနေရှင်နယ်ကျောင်းတက်နေသူတဦးဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ကူညီပေးခဲ့တဲ့ ပရဟိတအသင်းသားတဦးက ပြောပါတယ်။

“ဦးခေါင်းထိမိတယ်။ဒဏ်ရာပြင်းထန်တယ်။မိဘနဲ့ဆရာမတွေဆေးရုံလိုက်သွားကြတယ်။အ​ခြေအနေ မသိရသေး”လို့ပြောပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *