ဘီဘီစီရဲ့ အရှေ့တောင်အာရှသတင်းထောက် ဂျိုနသန်ဟက်ဒ်က ထိုင်းရွေးကောက်ပွဲမှာ ထောက်ခံမဲအများဆုံးရခဲ့တဲ့ အမ်အက်ဖ်ပီပါတီကို ဦးဆောင်တဲ့ အသက်၄၂နှစ်အရွယ် ပီတာလင်မ်ဂျရိုယင်ရတ်အကြောင်းရေးသားပြီး မေ၃၀ရက်မှာ လွှင့်တင်ဖော်ပြထားတယ်။
လက်ရှိဝန်ကြီးအဖွဲ့ဝင်တွေရဲ့ပျမ်းမျှအသက် ၆၅နှစ်ရှိနေတဲ့ နိုင်ငံမှာ သူနဲ့အသက်များစွာကွာခြားနေတယ်။ ပီတာသာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုရင် ၇၈နှစ်အတွင်းမှာ ထိုင်းနိုင်ငံရဲ့အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာလိမ့်မယ်။
ဒါပေမယ့် ဒုတိယအင်အားအကောင်းဆုံး ဖွေထိုင်းပါတီနဲ့ပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ခက်ခက်ခဲခဲဆွေးနွေးနေရဆဲဖြစ်တယ်လို့ဆိုတယ်။
ယခုအချိန်ဟာ စစ်အာဏာသိမ်းမှုသံသရာကို အဆုံးသတ်ရတော့မယ့်အချိန်ဖြစ်တယ်။ အာဏာသိမ်းမှုတွေ တံခါးဖွင့်ပေးနေတဲ့နိုင်ငံရေးထဲက အကျင့်ပျက်ခြစားမှုကိုလည်း အဆုံးသတ်ရမယ့်အချိန်ရောက်နေပါပြီလို့ ပီတာက ပြောတယ်။
ဘုရင်စနစ်အကြောင်းပြောဆိုတာ သည်းခံနိုင်လောက်အောင် ရင့်ကျက်သင့်နေပြီလို့ ကျွန်တော်ထင်တယ်။ ၂၁ရာစုထဲမှာ စည်းမျဉ်းခံဘုရင်စနစ်ကိုဘယ်လောက်ပဲလက်ခံသင့်တော့တယ်ဆိုတာ ရှေးရိုးစွဲဝါဒီတွေတောင် သဘောပေါက်နေကြပါပြီ။ ကျွန်တော်တို့ လူ၁၄သန်းရဲ့ထောက်ခံမဲရခဲ့တယ်။
ဒါ သူတို့သဘောပေါက်နေတာထင်ရှားနေပြီလေ။ အသိသာကြီးပါပဲ။ ရွေ့အောင်ကျွန်တော်တို့တွန်းချင်တဲ့ အရာတွေထဲက တစ်ခုဖြစ်တယ်လို့လည်း ပီတာကပြောပါသေးတယ်။သူဦးဆောင်တဲ့အစိုးရတက်လာရင် မြန်မာနိုင်ငံကပြည်တွင်းစစ်အဆုံးသတ်စေဖို့အတွက် ထိုင်းနိုင်ငံရဲ့အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုမိုနီးကပ်စွာလုပ်ဆောင်သွားမယ်လို့ သူထည့်သွင်းပြောကြားတယ်။
အသက်၇၀ကျော် ၈၀ကျော် တခြားထိုင်းနိုင်ငံရေးသမားကြီးတွေလို ကြီးတောင်ကြီးမားနဲ့ ရွေးကောက်ပွဲတော့ ဝင်မပြိုင်ချင်ဘူး။ (၁၀)နှစ်လောက်ပဲ လုပ်ချင်တယ်။ တခြားလုပ်စရာရှိလာဦးမှာပါလို့ ပီတာပြောတဲ့စကားနဲ့ သတင်းထောက်ဂျိုနသန်ဟက်ဒ် အဆုံးသတ်ထားတယ်။
Ref: BBC