၀န်ကြီးချုပ်မိုဒီကတော့ ဆရာကြီးပါပဲလို့ ဩစတြေးလျဝန်ကြီးချုပ်ကမှတ်ချက်ချ

ဂျပန်နိုင်ငံ ဟီရိုရှိးမားမြို့မှာ လက်ခံ ကျင်းပတဲ့ ခုနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ကနေ ဌာနေကိုအပြန်မှာ အိနိ္ဒယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ ဩစတြေးလျနိုင်ငံကို ဝင် ရောက်လည်ပတ်ခဲ့ပါတယ်။

မေလ၂၃ရက်က ဆစ်ဒနီအိုလံပစ်ဥယျာဉ်ရဲ့ နေရာအကျယ်ဆုံးဖြစ်တဲ့ ကူဒေါ့စ်ကမ်းခြေ မိုးလုံလေလုံအားကစားရုံကြီးထဲမှာ ဩစ တြေးလျအစိုးရက ပွဲလုပ်ပေးတယ်။ ဩစ တြေးလျနဲ့အိနိ္ဒယနှစ်နိုင်ငံ သံတမန် ဆက် ဆံရေး ဓာတ်ပုံပြပွဲပါတယ်။ ဈေးရောင်းပွဲ တော် ပါတယ်။ ရုပ်ရှင်ဂီတ ဖျော်ဖြေပွဲတွေ လည်းပါတယ်။ ဝန်ကြီးချုပ်နာရင်ဒရာမိုဒီက ပင်လယ်ရပ်ခြားအိနိ္ဒယနွယ်ဖွားတွေကို စ ကားပြောမယ့် အစီအစဉ်လည်းပါတယ်။ လူပေါင်းထောင်နဲ့ချီပြီးလာရောက်ဆင်နွှဲကြတဲ့အဲဒီပွဲမှာ နာရင်ဒရာမိုဒီစကားပြောတော့ ဩစ တြေးလျရောက် အိနိ္ဒယနွယ်ဖွားတွေ တခဲနက် အော်ဟစ်ပြီးအားပေးကြတယ်။ မိုဒီ မိုဒီ မိုဒီ ဆိုတဲ့ အသံတွေ ဟိန်းထွက်နေခဲ့ တယ်။

အတူတက်ရောက်ခဲ့တဲ့ ဩစတြေးလျဝန်ကြီး ချုပ်အန်သိုနီ အယ်လ်ဘာနီးစ် အတော် အံ့ အားသင့်သွားခဲ့တယ်။ ကျွန်တော် တစ် သက်နဲ့တစ်ကိုယ် ကြည့်ခဲ့ဖူးတဲ့ ဒီအားက စားရုံကြီးထဲကပွဲတွေထဲမှာ အမေရိကန် အဆို တော် ဘရုစ်စပရင်းစတင်း ဖျော်ဖြေတဲ့ပွဲ စည်လှပြီအောက်မေ့ခဲ့တာ။ ဒီပွဲကို ဘယ်မှီ ပါ့မလဲ။ မိုဒီကတော့ ဆရာကြီးပါပဲလို့ သူမှတ် ချက်ချခဲ့ရပါတယ်။

Ref: CNN

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *