ဆစ်ဒနီ၊ မေ ၁၂
အမေရိကန် မရိန်းတပ်သားဟောင်းတစ်ယောက်ဟာ တရုတ်ဟက်ကာတစ်ယောက်နဲ့ ချိတ်ဆက်ပြီး တရုတ်စစ်လေယာဉ်မှူးတွေကို လေယာဉ်တင်သင်္ဘောတွေပေါ် အတက်အဆင်းလုပ်တဲ့ လေ့ကျင်ခန်းတွေ လုပ်ပေးခဲ့တာ ပေါ်လာပြီး ဩစတြေးလျမှာ အဖမ်းခံခဲ့ရပါတယ်။ အခု အဖမ်းခံရပြီး နှစ်နှစ်အကြာမှာ လွဲပြောင်းပေးဖို့ ဖြစ်လာတာလို့ သိရပါတယ်။
မရိန်းလေတပ်မှူးဟောင်း အသက် ၅၅ နှစ်အရွယ် ဒန်နီရယ် ဒူဂန်ဟာ အကဲဆတ်တဲ့ အချက်အလက်တွေအတွက် သူ့ရဲ့ မိသားစုပါ အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတယ်လို့ သူ့ရဲ့ ရှေ့နေက Reuters ကိုပြောပါတယ်။
တရားရုံးရဲ့ စွဲချက်မှာ ဒူဂန်ဟာ တရုတ်တရားခံဟက်ကာ စူဘင်းနဲ့ အချိတ်အဆက် ရှိနေတယ်ဆိုတဲ့ အချက်ပါပါတယ်။
ဒူဂန်ဟာ အမေရိကန်နိုင်ငံရဲ့ လက်နက်ထိန်းချုပ်ရေးဥပဒေကို ချိုးဖောက်တယ် ဆိုတဲ့ စွဲချက်တွေလည်း ပါနေပြန်ပါတယ်။ ဒူဂန်ကတော့ စွပ်စွဲချက်တွေကို ငြင်းပယ်ထားတယ်လို့ သိရပါတယ်။
ဒူဂန်ဟာ ဘေဂျင်းမှာ ခြောက်နှစ်ကြာ အလုပ်လုပ်ပြီး ပြန်လာချိန် ၂၀၂၂ ခုနှစ် မှာ အဖမ်းခံရချိန်က စပြီးသြစတြေးလျက အမြင့်ဆုံး လုံခြုံရေး အကျဉ်းထောင်ထဲမှာ ရှိနေပါတယ်။
ဒူဂန့် ဆီကနေ သိမ်းဆည်းရမိတဲ့ အီလက်ထရွန်နစ် စက်ပစ္စည်းတွေမှာ ဒူဂန်နဲ့ အမေရိကန်အာဏာပိုင်တွေ စာပေးစာယူ ရှိတာလည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ဒူဂန်ကို တရားခံလွှဲပြောင်းရေးအမှု ကြားနာပြီးချိန်မှာ အမေရိကန်ကို လွဲပေးဖို့ ရှိနေတယ်လို့ ဩစတြေးလျဘက်က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ အမေရိကန် မရိန်းလေတပ်တပ်မှူးဟောင်း ဒိုဂန်
Feature Image credit: Warwick Ponder/Handout/Reuters



