ဆစ်ဒနီ၊ နိုဝင်ဘာ ၂၈
ဩစတေးလျနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၈ရက် ထုတ်ပြန်ချက်အရ Vapeသောက်တဲ့ ကိရိယာတွေ တင် သွင်း တာကို ၂၀၂၄ ဇန်နဝါရီ ကစပြီး တားမြစ်တော့မယ်လို့ သိရပါတယ်။
လူငယ်တွေကြား နီကိုတင်းဓာတ်ဖြည့်ထားတဲ့ စက်ပစ္စည်းတွေ ရေပန်းစားလာတာကို တားဆီးဖို့ ရည်ရွယ်တဲ့ ဖြိုခွင်းမှုရဲ့ ပထမခြေလှမ်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆေးဘက်ဆိုင်ရာသတ်မှတ်ချက်တွေအရဆို vape တင်သွင်းသူတွေဟာ ဆေးဝါးထိန်းချုပ်ရေးရုံးက ခွင့်ပြုချက်လိုအပ် သလို ဆေးဘက်ဆိုင်ရာမဟုတ်တဲ့ vapes တွေကိုပါ ဆေးဝါးအုပ်စုထဲ ထည်ဖို့ ကျန်းမာရေးဝန်ကြီး ဌာန က စီစဥ်နေတာ ဖြစ်ပါတယ်။
ဥပဒေပြုရေးအစီအစဥ်အတွက် ရန်ပုံငွေ ဩစတြေးလျဒေါ်လာ ၇၅သန်း ( အမေရိကန်ဒေါ်လာ ၄၉သန်း) ကို သုံးစွဲသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။
လာမယ့် ၂၀၂၄ခုနှစ်မှာတော့ ထပ်လောင်းဥပဒေပြဋ္ဌာန်းချက် အသစ်တွေ ပြည့်ပြည့်စုံစုံ ထက်ထွက်လာမှာ ဖြစ်ပြီး ဆက် လက် ကျင့်သုံးဖို့ ဆောင်းရွက်သွားမယ့်အကြောင်း သိရပါတယ်။
” ဆေးလိပ်သောက်တဲ့ အလေ့အကျင့်ကို တွန်းလှန်ဖို့ ဒါက ကုထုံးကောင်းတစ်ခု မဟုတ်ဘူး။ ဒါက ကလေးတွေကို နီကို တင်းစွဲလမ်းအောင် တမင်တကာ ပစ်မှတ်ထားတဲ့ လုပ်ရပ်ပါ။”လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာ Vape တွေကလူငယ်များကြားမှာ အရမ်းရေပန်းစားနေပါတယ်။ အစိုးရအချက် အလက် တွေ အရ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်ငါးယောက်မှာ တစ်ယောက်က Vape သောက်တဲ့အလေ့အကျင့် ရှိနေတယ် သိရ ပါတယ်။
Ref: Reuters
ပုံစာ။ Vape ဆိုင်တစ်ဆိုင်ကို တွေ့ရပုံ
Feature Credit Credit: Internet



