ဆစ်ဒနီ၊ ဇွန် ၄
သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့ (ADF) ဟာ ဗြိတိန်အပါအဝင် နိုင်ငံရပ်ခြားက လူသစ်စုဆောင်းမှုတွေကို စပြီး အကောင်ထည်ဖော်တော့မယ်လို့ သိရပါတယ်။
ဩစတြေးလျနိုင်ငံအနေနဲ့ ဒေသတွင်း ခြိမ်းခြောက်မှုတွေ တိုးပွားလာနေတာမို့ သူတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အင်အားဖြည့်တင်းဖို့ ကြိုးစာနေတာ ဖြစ်ပါတယ်။
၂၀၂၄ ဇူလိုင်လကစပြီး ပထမနှစ်မှာတော့ သြစတြေးလျမှာ အမြဲတမ်းနေထိုင်နေတဲ့နယူးဇီလန်နိုင်ငံသားတွေ လျှောက်ထားနိုင်ပြီး လာမယ့်နှစ်ကစပြီး ယူကေ၊အမေရိကန်နဲ့ ကနေဒါအပါအဝင် တခြားနိုင်ငံတွေဆီကပါ လူသစ်စုဆောင်းမှုတွေ တိုးချဲ့သွားမယ်လို့ သိရပါတယ်။
ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလ်စ် က အရည်အချင်းပြည့်မီမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ လာမယ့် ဆယ်စုနှစ်တွေမှာ နိုင်ငံရဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောပါတယ်။
သြစတြေးလျဟာ မကြာသေးတဲ့ နှစ်တွေကစ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်စစ်အင်အားတိုးချဲ့မှုကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကျယ်ပြန့်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဟာမိတ်ဖြစ်တဲ့ Aukus စာချုပ်ကို ၂၀၂၁ခုနှစ်က လက်မှတ်ရေးထိုးဖို့ ကြိုးစာခဲ့ပါတယ်။
သြစတြေးလျ၊ ယူကေ၊ အမေရိကန်၊ ကနေဒါနဲ့ နယူးဇီလန်တို့ဟာ Five Eyes လို့ ခေါ်တဲ့ မဟာမိတ်အဖွဲ့အောက် မှာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ မျှဝေမှုတွေ နီးနီးကပ်ကပ်အတူတကွလုပ်ဆောင်နေကြတာလို့ သိရပါတယ်။
Ref: BBC
ပုံစာ။ ဩစတြေးလျစစ်တပ်ရဲ့ တပ်သားသစ်တွေကို တွေ့ရပုံ
Feature Image Credit: Getty Images



