ပတ်သ်၊ မတ် ၁၅
ဩစတေးလျနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးခြံတစ်ခုက သီးတဲ့ ဘလူးဘယ်ရီသီးဟာ ပင်ပေါင်ဘောလုံးအရွယ်အစားရှိခဲ့တာမို့ ကမ္ဘာ့အကြီးဆုံး ဘလူးဘယ်ရီသီးအဖြစ် ဂင်းနစ် စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလတုန်းက ခူးဆွတ်ခဲတဲ့ ဒီ ဘလူးဘယ်ရီသီးကြီးက ဗျက် ၄ စင်တီမီတာနီးပါးရှိပြီး အလေးချိန် ၂၀ ဒသမ၄ ဂရမ် ရှိတာမို့ ပုံမှန် ဘလူးဘယ်ရီသီးတွေထက် ဆယ်ဆလောက် ပိုကြီးပါတယ်။
ဒီသစ်သီးဟာ Costa Group ကနေ တီထွင်စိုက်ပျိုးလိုက်တဲ့ မျိုးအသစ်ဖြစ်တယ်လို့ သိရပါတယ်။
စိုက်ပျိုးရေးအဖွဲ့ဟာ ပထမပိုင်းကတော့ သီးကာစ အသီးတွေကို ကြည့်ပြီး မျှောလင့်ချက်အများကြီး မထားခဲ့ကြဘူးလို့ ပြောပါတယ်။ နောက် ရက်ကြာလာတော့မှ အားလုံးတုန်လှုပ်သွားကြရတာလို့ သိရပါတယ်။
“စံချိန်ချိုးတဲ့ အသီးက သိသိသာသာကြီးဘဲ၊ ဒါပေမယ့် ဒီမနက်မှာ အသီး အလုံး ၂၀လောက်ထပ်ခူးဦးမယ် “လို့ ခြံတာဝန်ခံက ပြောပါတယ်။
သူတို့ခြံထွက်ဘလူးဘယ်ရီသီးကြီးဟာ ခူးပြီး၁၂ပတ် အကြာမှာတော့ ကမ္ဘ့အကြီးဆုံး ဘလူးဘယ်ရီသီး အဖြစ် ဂင်းနစ်စံချိန်ချိုးခဲ့တာ ဖြစ်ပါတယ်။
Ref: BBC
ပုံစာ။ ကမ္ဘ့ာအကြီးဆုံး ဘလူးဘယ်ရီသီးကြီးကို တွေ့ရပုံ
Feature Image Credit: costa berries



