ဆစ်ဒနီ၊ ဖေဖေါ်ဝါရီ ၂၂
သြစတြေးလျအာဏာပိုင်တွေက ဘုန်းတော်ကြီးဟောင်းတစ်ပါးဖြစ်တဲ့ ခရစ်စတိုဖာ ဆောင်းဒါးကို မုဒိမ်းမှု့အပါအဝင် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများစွာကျူးလွန်မှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
အနောက်သြစတြေးလျရဲတပ်ဖွဲ့နဲ့ ပုပ်ရဟန်းမင်းကြီးတို့က အပြိုင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘုန်းတော်ကြီးဟောင်းကို ဘရူမီးယားမှာ ဖေဖေါ်ဝါရီ ၂၁ရက် ဗုဒ္ဓဟူးနေ့က ဖမ်းဆီး လိုက်တာ ဖြစ်ပါတယ်။
စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပေမယ့်လည်း မစ္စတာ ဆောင်းဒါးရဲ့ အာမခံ ငြင်းပယ်ခံခဲ့ရသလို ဖေဖေါ်ဝါရီ ၂၂ရက် ကြာသပတေးနေ့မှာတော့ စပြီး တရားရုံးမှာ ရုံးထုတ် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
မစ္စတာ ဆောင်းဒါးဟာ အလားတူ အမှုမျိုးတွေနဲ့ စွဲချက်တင်ခံရတဲ့ အကြီးတန်း ကက်သလစ် ဘာသာရေးဆရာတွေထဲမှာ နောက်ထပ်တစ်ယောက်အနေနဲ့ မှတ်တမ်းဝင်သွားခဲ့တာ လည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဘုန်းတော်ကြီးဟောင်းဟာ မုဒိမ်းမှု နှစ်ခု၊ ဥပဒေမဲ့ နဲ့ မတော်တရော် ကျူးလွန်မှု ၁၄ ကြိမ် အပါအဝင် အာဏာ ပိုင်တွေက စွဲဆိုထားတဲ့ ကလေး တစ်ယောက်နဲ့ သုံးကြိမ်တိတိ မတော်တရော် ဆက်ဆံမှု စတာတွေနဲ့ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။
အဲ့ဒိကျူးလွန်မှုတွေကို ၂၀၀၈ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် ကာလတွေက သြစတြေးလျနိုင်ငံ အနောက်ဘက် ဝေးလံခေါင်သီတဲ့ ဘရွမ်း၊ ကနူးနူရာ စတဲ့ ဒေသတွေမှာ ကျူးလွန်ခဲ့တာလို့ သိရပါတယ်။
Ref: BBC
ပုံစာ။ ၂၀၂၀ခုနှစ်က တွေ့ရတဲ့ ဘုန်းတော်ကြီး ခရစ္စတိုဖာ ဆောင်းဒါး
Feature Image Credit: BBC



