ဘရစ်စ်ဘိန်း၊ ဇူလိုင် ၅
ဩစတြေးလျအစိုးရဟာ နီကိုတင်းပါတဲ့ vape ရောင်းချ တာကို အရင်လို လွတ်လွတ်လပ်လပ် ရောင်းခွင့်မပေးဘဲ အကန့်အသတ်နဲ့သာ ရောင်းချဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
ဒီအမိန့်ကြောင့်ဇူလိုင် လက စပြီး သုံးစွဲသူတွေဟာ vapes ဝယ်ဖို ဆေးဝါးကျွမ်းကျင်သူ ဆရာဝန်ရဲ့ ဆေးစာ တင်ပြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ တိုင်းပြည်တွင်းမှာ လူငယ်လေးတွေ နီကိုတင်း စွဲတဲ့ ပြသနာကို ကိုင်တွယ်တဲ့ ကိစ္စတစ်ခု လို့ ရှုမြင်ကြဖို့ တာဝန်ရှိသူတွေ က ပြောပါတယ်။
နိုင်ငံပေါင်း ဒါဇင်ပေါင်းများစွာမှာ တစ်ခါသုံး vape တွေကို ပိတ်ပင်ထားပေမယ့်လည်း ဩစတြေးလျက စတိုးဆိုင်တွေ၊ ဝန်ဆောင်မှုဌာနတွေနဲ့ အခြား လက်လီအရောင်းဆိုင်ငယ်တွေ မှာ ရောင်းနေတာမို့ ဒါကို ပိတ်ပင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ကလေးတွေ နီကိုတင်းကို စွဲလမ်းအောင် နည်းမျိုးစုံနဲ့ စွဲဆောင်နေတာတွေကို အဆုံးသတ်ရမယ်လို့ သြစတြေးလျအာဏာပိုင်တွေက ပြောပါတယ်။
“ဩစတေးလျလူငယ်တွေရဲ့ ကျန်းမာရေးအတွက် တကယ်ကို အဓိပ္ပာယ်ရှိပြီး ရေရှည်တည်တံ့တဲ့ တစ်ခုခုကို လွှတ်တော်က လုပ်ခွင့်ရဖို့ မကြာတော့ပါဘူး” လို့ ပါလီမန်က ဥပဒေကို အတည်ပြုပြီးချိန်မှာပဲ ကျန်းမာရေးဝန်ကြီး မတ်ခ် ဘတ်တလာ က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါပေသော်ငြား ဥပဒေမှာ အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူတွေသာ ဆေးစာလိုမှာ ဖြစ်တယ် ဆိုတဲ့ အချက် ပါနေတဲ့အကြောင်းလည်း သိရပါတယ်။
Ref: CNN
ပုံစာ။ vape ဆိုင် တစ်ဆိုင်ကို တွေ့ရပုံ
Feature Image Credit: Staantribune



