ဩဂုတ် ၂၂ ရက် မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်တော်ပြန်ဝင်ဖို့ သေချာ

ဘန်ကောက် ၊ ဩဂုတ် ၂၁

ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ အမေ့လျှောခံ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်တရာ တစ်ယောက် မနက် ဖြန်  မှာ လေဆိပ်ကနေတစ်တဆင် ပြည်တော်ပြန်လာမယ့် သတင်းကို အတည်ပြုပေးလိုက်ပြီလို့ သိရပါတယ်။

လေယာဥ်အမှတ် နဲ့ လေယာဥ် အချိန်ကို ရဲတပ်ဖွဲ့အနေနဲ့ အတိအကျ ထုတ်ပြန်ပြောဆိုတာ မရှိပေမယ့် အကျမ်းဖျဥ်း အားဖြင့် နေ့လည့်လောက် ဖြစ်မယ် ဆိုတာကိုတော့ ပြောဆိုပါတယ်။

အလားတူ ဆိုက်ရောက်မယ့် လေယာဥ်ကွင်းကို အတိအကျ ပြောဆို တာမရှိသေးပေမယ့် ကနဦး သတင်းတွေ အရ ကတော့ ဒွန်မောင်းလေဆိပ်ကို ကိုယ်ပိုင်လေယာဥ်နဲ့ မနက် ၉နာရီအချိန် ရောက်မယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်လို့ သိရပါတယ်။

နောက်ထပ် အတည်မပြုနိုင်သေးတဲ့ သတင်းတွေ အရလည်း သက်ဆင်ရဲ့ ညီမရင်းဖြစ်တဲ့ ထိုင်ဝန်ကြီးချုပ် ဟောင်း ယင်လတ် လည်း အကို ဖြစ်သူနဲ့ အတူ ပြည်တော်ပြန်လာလိမ့်မယ်လို့ သိရပါတယ်။

Ref: Bangkok post

Feature Image Credit: goal.com

Leave a Reply

Your email address will not be published. Required fields are marked *