ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး အကျယ်ချုပ်ကနေ ပြန်လွတ်လာ

၄၊ ဇန်နဝါရီ

ဧရာ၀တီတိုင်း အစိုးရအဖွဲ့ဝင် လူမှုရေး၀န်ကြီး ဒေါက်တာလှမြတ်သွေး၊ ပုသိမ်အကျဉ်းထောင်ကနေလွတ်မြောက်လာတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖွဲ့နဲ့နီးစပ်သူများထံက သိရပါတယ်။

ဒေါက်တာလှမြတ်သွေးဟာ ပုသိမ်ထောင်တွင်းတရားရုံးမှ ၅၀၅(ခ)ပုဒ်မနဲ့ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ရတာဖြစ်ပြီး၊ တိုင်းလွှတ်တော်၀န်းမှာ အကျယ်ချုပ်အဖြစ် နှစ်နှစ်နီးပါးဖမ်းဆီးထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်။

လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းကျခံနေရသူ ၉ထောင် ကျော် ပြန်လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်လာကြတာဖြစ်ပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *