မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေနဲ့ သိုလှောင်ထားတဲ့အရန်ဆန်များထဲက (Well Milled, Polished & Sortexed) ၂၅%အဆင့် ဧည့်မထဆန် တစ်အိတ်ကို ၆၀၀၀၀ကျပ်နှုန်းထက် မပိုတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ သြဂုတ် လ၂ရက်နေ့က ကုန်သည်စက်မှုအသင်း ချုပ် (UMFCCI)မင်္ဂလာခန်းမကျင်းပ ခဲ့တဲ့ အရန်ဆန်များကို ဈေးကွက်အတွင်း ထုတ်ရောင်းရေးဆိုင်ရာ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကနေ သိရပါတယ်။


စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသား စုများနဲ့ဌာနဆိုင်ရာလစာနည်းဝန်ထမ်း များကို သက်သာတဲ့ဈေးနှုန်းများနဲ့ အရန် ဆန်တွေကို ဆန်ကုန်စည်ဒိုင်များနဲ့ စည် ပင်သာယာဈေး အရောင်းဆိုင်များမှှာ ရောင်းချပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။

Visited 57 times, 1 visit(s) today



