မွန့်တိုလီရေး၊ မတ် ၁၀
ပြင်သစ်နိုင်ငံ မွန့်တိုလီရေး က တောအုပ်တစ်ခုမှာ အသက် ၂၅ နှစ်အရွယ် အပျော်တမ်း သတ္တဗေဒပညာရှင် ဒေမီယန် မရှဲဒိုးနဲ့ သူရဲ့ ခွေးက ထူးဆန်းတဲ့အရာတစ်ခုနဲ့ ခလုတ်တိုက်မိရာက အခုလို ဧရာမကျောက်ဖြစ်ရုပ်ကြွင်း ကြီးကို စတွေ့ခဲ့ကြတာလို့ သိရပါတယ်။
ခလုတ်တိုက်မိတာက မြေပြင်ကနေ ပေါက်ထွက်နေတဲ့ အရိုးတစ်ချောင်း ဖြစ်ပြီး ဆက်ပြီးသဲလွန်စလိုက် တူးဖော်ခဲ့ကြတာလို့ဆိုပါတယ်။
ဒိနောက်တော့ ခရူဇီ ပြတိုက်က ရှေးဟောင်းသုတေသန ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့ နဲ့ ပြင်သစ်အမျိုးသားသိပ္ပံသုတေသနဗဟိုဌာနတို့ ပူးပေါင်းပြီး တူးဖော်ခဲ့ကြရာက အရှည် ၁၀ မီတာနီးပါး (၃ဒသမ ၈ ပေ)အထိရှိတဲ့ ဒိုင်နိုဆော ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
“ပြတိုက်ဆိုင်ရာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ အရာတစ်ခုဖြစ်တဲ့ ခန္ဓာဗေဒဆိုင်ရာ အနေအထားတွေနဲ့ ပြီးပြည့်စုံလုနီးပါးရှိတဲ့ အရိုးစုတစ်ခုပါ” ဆိုပြီး ပြတိုက်တာဝန်ခံက ပြောပါတယ်။
တူးဖော်ရခဲ့တဲ့ အရိုးစုဟာ ဒိုင်နိုဆော တစ်ကောင်ရဲ့ ၇၀ရာခိုင်နူန်းအထိ ပြည့်စုံတယ်လို့လည်း သိရပါတယ်။
အဲဒိ ဒိုင်နိုဆော ရုပ်ကြွင်တအချို့နဲ့အတူ တခြား တိုက်တေနိုဆောတို့လို အပင်စားသတ္တဝါ Rhabdodon နဲ့ Theropods တို့အပါအဝင် မိကျောင်းလိုမျိုး အသားစားသတ္တဝါ အရိုးစုအပိုင်းအစတွေလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အခုတော့ အရိုးစုကြီးဟာ ခရူဇိပြတိုက်မှာ ရောက်နေပြီး ဆက်လေ့လာနေကြတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ တူးဖော်ရရှိခဲ့ကြတဲ့ အရိုးစုရုပ်ကြွင်းကြီးကို တွေ့ရပုံ
Feature Image Credit: Damien Boschetto



