ပဲရစ်၊ ဧပြီ ၄
ကိုဗစ် ၁၉ ကူးစက်ရောဂါအပြီး သုံးစွဲမယ့် ပြန်လည်ထူထောင်ရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်မှုနဲ့ ဆက်နွှယ်နေတယ်လို့ စွပ်စွဲခံရတဲ့ လူ ၂၂ယောက်ကို ရဲတပ်ဖွဲက ဧပြီ ၄ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အလွဲသုံးစာမှုနဲ့ ဆက်စပ်နေတဲ့ ယူရိုသန်း ၆၀၀ (ဒေါ်လာ သန်း ၆၅၀) ကျော်တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းယူခဲတယ်လို့ သိရပါတယ်။
အစိုးရရှေ့နေရဲ့ စုံစမ်းစစ်ဆေးမှုအပြီး လူ ရှစ်ယောက်ကို ထိန်းသိမ်းခဲ့ပြီး ၁၄ယောက်ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပါတယ်။အလွဲသုံးစားမှုတွေဟာ အီတလီ၊ သြစတြီးယား၊ ရိုမေးနီးယားနှင့် စလိုဗက်ကီးယားတို့မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
သံသယရှိသူတွေရဲ့ နေအိမ်နဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းချိန်မှာ လန်ဘော်ဂနီ၊ ပေါ်ရှေး စတဲ့ ကမ္ဘာ့ကျော်ကားတွေ၊ ရိုးလက်စ်နာရီတွေ၊ ကတ်တီယားစိန်တိုက်က လက်ဝတ်ရတနာတွေ၊ ခရိုက်ပ်စတို ငွေတွေအပါအဝင် ဇိမ်ခံ အိမ်ကြီးတွေကိုပါ ကွင်းဆက် ဖော်ထုတ်နိုင်ခဲ့တယ်လို့ အီတလီဘဏ္ဍာရေးရဲတပ်ဖွဲ့က ကြာသပတေးနေ့ (ဧပြီ ၄) က ပြောဆိုခဲ့ပါတယ်။
လိမ်လည်မှုစွပ်စွဲချက်ထဲမှာ ကိုဗစ် အလွန် စီးပွားရေးကို ပြန်လည်ရှင်သန်လာစေဖို့ EU ရဲ့ ယူရို ၈၀၀ ဘီလီယံ ပြန်လည်ထူထောင်ရေးရန်ပုံငွေထဲကနေ အလွဲသုံးစားလုပ်ခဲ့တာ ပေါ်လွင်တယ်လို့ ဖော်ပြထားပါတယ်။ အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ ငွေကလည်း ယူရို သန် ၆၀၀ နီးပါးရှိတယ်လို့ ဖော်ပြပါရှိပါတယ်။
Ref: CNN
ပုံစာ။ သံသယရှိသူတွေကို ရုံးထုတ်လာပုံ
Feature Image Credit: From the European Public Prosecutor’s Office



