ဥရောပရဲ့အကြီးဆုံး ဇာပိုရီဇဇီယာ နျူကလီး ယားစက်ရုံကြီးကို ရုရှားဖက်က တကယ် တိုက်ခိုက်တော့မှာလား

ဥရောပရဲ့အကြီးဆုံးဖြစ်တဲ့ ဇာပိုရီဇဇီယာ နျူကလီးယားစက်ရုံကြီးကို ရုရှားဖက်က တကယ်တိုက်ခိုက်လာလိမ့်မယ်။ ဖောက် ခွဲဖို့ မိုင်းတွေအသင့်မြှုပ်ထားပြီးပြီလို့ ယူက ရိန်းစစ်ထောက်လှမ်းရေး အကြီးအကဲ ကာယလိုဘူဒါနော့ဗ် အစိုးရရုပ်မြင်သံကြား ကတစ်ဆင့်ပြောတယ်။

ရုရှားက သူတို့တိုက်ခိုက်တာမဟုတ်ဘဲ အကြမ်းဖက်သူတွေတိုက်ခိုက်တာ ယူက ရိန်းဖက်က ဒုံးလက်နက်ထိမှန်တာ ဖြစ် ကြောင်း သတင်းထုတ်လွှင့်လိမ့်မယ်လို့ ယူကရိန်းသမ္မတဗိုခိုဒီမြာဇေလင်စကီးက ဇူလိုင်(၄)ရက်မှာ ထပ်လောင်းပြော

ကြားတယ်။ ဇွန်လထဲတုန်းကလည်း အ လားတူပြောခဲ့သေးတယ်။ ရုရှားဖက်က ဟိုတုန်းကလည်းငြင်းတယ်။ အခုလည်း ငြင်းပြန်တယ်။

ယူကရိန်းဖက်က ဒီလိုသတင်းထုတ်လွှင့် လာပြီဆိုတော့ ဘာဖြစ်လာနိုင်သလဲ။ ဘယ် ဖက်က ပြောတာကို ယုံရမလဲ။ ဘယ်ဖက် ကကြောင့်ဖြစ်ဖြစ် အဲဒီနျူကလီးယားစက်ရုံ ကြီးပေါက်ကွဲသွားရင် ဘယ်လောက်အထိ ထိခိုက်ပျက်စီးမလဲ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

တကယ်တော့ အဲဒီနျူကလီးယားစက်ရုံကြီး ကို ရုရှားတွေတည်ဆောက်ခဲ့တာ။ ယူက ရိန်းတွေ ဆောက်ခဲ့တာမဟုတ်ဘူး။ ဆိုဗီယက်ယူနီယံခေတ်က ရုရှားလက် အောက်ခံ ယူကရိန်းနိုင်ငံမှာ တည် ဆောက်ပေးခဲ့တာ။ အခုလည်း ရုရှား တပ်ဖွဲ့ဝင်တွေကထိန်းချုပ်ထားတယ်။

ယူကရိန်းဖက်က ဒါသူတို့စက်ရုံဖြစ်လို့ ပြန်ယူရမယ်ဆိုပြီး အစပိုင်းမှာ စက်ရုံ အနီးပတ်ဝန်းကျင်ကို ဒုံးလက်နက်တွေ နဲ့လှမ်းလှမ်းပစ်ခဲ့တယ်။ ရုရှားက မ လုပ်ကြနဲ့ စက်ရုံထဲ ဒုံးလက်နက်ကျလို့

ပေါက်ကွဲသွားရင် အန္တရာယ်ကြီးလွန်း တယ်လို့သတိပေးခဲ့ရတယ်။

ကုလသမဂ္ဂအနုမြူစွမ်းအင်အေဂျင်စီကလည်း လာစစ်ပြီးသွားပြီ။ စက်ရုံအခြေအ နေကောင်းတယ်။ လက်နက်တွေ တိုက် ရိုက်မထိမှန်ဖို့ နှစ်ဖက်စလုံးက သတိ ထားရလိမ့်မယ်လို့ မှာကြားခဲ့ပြီးဖြစ်ပါ တယ်။

Ref: CNN

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *