ဥရောပမှာ ဂျီဆဲဗင်း ထိပ်သီးညီလာခံ ကျင်းပနေချိန် ရုရှားက ယူကရိန်း ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ တိုက်ခန်းတစ်ခုထဲက  ဒဏ်ရာရသွားသူတစ်ဦးကို ကယ်ထုတ်လာစဥ်

ယူကရိန်း၊ ဇွန် ၂၇

ဂျာမနီနိုင်ငံမှာ ပြုလုပ်နေတဲ့  ကမ္ဘာ့ထိပ်သီး ဂျီဆဲဗင်း အစည်းအဝေးရဲ့ ပထမရက်ဖြစ်တဲ့ ဇွန်လ ၂၇ရက် မှာပဲ ရုရှားက ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဖ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားရဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ လူနေအဆောက်အဦတွေရှိရာကို ထိမှန်ခဲ့လို့ အပစ်မဲ့ ပြည်သူတစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ကနဦးသတင်းတွေက ဆိုပါတယ်။

မြို့တော်ရဲ့ ဒုတိယမြို့တော်ဝန်ဖြစ်တဲ့ ဘိုလန်ဒင်းမာ ဘန်ဒလင်းကို ရဲ့ ပြောပြချက်အရကတော့ လတ်တလောမှာ ဒဏ်ရာရထားတဲ့သူ လေးဦးကို ဆေးရုံပို့ထားပြီး ကျန်တဲ့သူတွေကို လိုက်ရှာနေသလို အခြေနေကိုလည်း ဆက်ပြီး စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ဆက်ပြီး မြို့ထဲက မူကြိုကျောင်းလည်း ထိသွားတယ် ဒါပေမယ့် ကံကောင်းလွန်းပြီး ကလေးတစ်ယောက်မှ ထိခိုက်သွားတာမျိုး မဖြစ်ခဲ့ဘူးလို့   ဒုမြို့တော်ဝန်က ဆက်ပြောပါတယ်။ ယူကရိန်းပြည်တွင်းရေးရာဝန်ကြီးဌာနက ထုတ်လွှင့်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုထဲမှာတော့ မူကြိုကျောင်းအနောက်ဘက်ကွက်လပ်ထဲက ရုရှားဒုံးကျဉ်လမ်း ကြောင်း အရာစွတ်ကြောင်းကြီးတစ်ခုကို ရိုက်ပြထားနိုင်ခဲ့ပါတယ်။

ဒဏ်ရာရသူတွေအထဲ ခုနှစ်နှစ်အရွယ် ကလေးမလေးတစ်ဦးအပါအဝင်ဖြစ်ပြီး သူ့မိခင်က အသက်၃၅နှစ်အရွယ် ကက်ထရီနာ လို့ဆိုပါတယ်။ ခုတော့ သူတို့ကို အရေးပေါ်လူနာတင်ကားနဲ့ ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဆိုခဲ့တဲ့ ကက်ထရီနာ ဆိုသူဟာ ရုရှားအမျိုးသမီးတစ်ဦး ဖြစ်ပြီး ဒီမြို့မှာ အခြေချနေတာ ကတော့ ကြာပြီလို့သိရပါတယ်။

ယူကရိန်းလေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယူရီရိုင် အိုင်းနက်စ်က” သူတို့တွေ ဒုံးကျည် လေးစင်း ကနေ ခြောက်စင်းအထိ ယူကရိန်းဘက်ကို ပစ်ခဲ့တာ မဟာဗျူဟာမြောက် ဗုံးကျဲလေယာဥ်တွေကိုလည်း သုံးခဲ့တယ် ဘီလာရုစ်လေပိုင်နက်ကို သုံးပြီး တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

မြို့တော် ကိယက်ဖ်ရဲ့ မြို့တော်ဝန်ဖြစ်တဲ့ ဗစ်တာလီ ကလစ်ချကို က သူရဲ့ တယ်လီဂရမ်ကနေတဆင့် ပြောရာမှာတော့ မြို့တော်ရဲ့ ရှက်ဖ်ချန်ကစ်စကီခရိုင်ထဲမှာ အများဆုံးပေါက်ကွဲခဲ့တာ၊လူနေအဆောက်အဦတွေကို ဒုံးကျည်တွေ တည့်တည့်မှန်တော့ ခုဆို မီးတွေလောင်နေတယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်နေရတယ်၊ ဘေးလွတ်ရာ ထွက်ပြေသွားရတဲ့ သူတွေလည်း ရှိနေတယ်” လို့ ပြောပြခဲ့ပါတယ်။

ရုရှားလေကြောင်းတိုက်ခိုက်မှုအပြီး မီးခိုးတွေအူထွက်နေတဲ့ ရှက်ဖ်ချန်ကစ်စကီခရိုင်က လူနေအဆောက်ဦတစ်ခု

Ref: CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *