ဥရောပနိုင်ငံအချို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများကို ဝင်ငွေခွန်ဆောင်ဖို့ ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးကြေညာ

ဥရောပနိုင်ငံအချို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများကို ဝင်ငွေခွန်ဆောင်ဖို့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး(ဗြိတိန်)က ဇန်နဝါရီလ ၁၀ရက်နေ့က အသိပေးကြညာချက်တစ်စောင် ထုတ်ပြန်ကြညာခဲ့ပါတယ်။

ဝင်ငွေခွန်ဆောင်ဖို့ ကြေညာထားတဲ့နိုင်ငံများမှာ ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ဥရောပနိုင်ငံအချို့ကို သွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားအလုပ်သမား များအနေနဲ့ ၂၀၂၃ခုနှစ်၊အောက်တိုဘာလမှစပြီး မြန်မာသံ ရုံးမှာ ဝင်ငွေခွန်ထမ်းဆောင်ရမှာဖြစ်ပြီး ဗြိတိန်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနဲ့ဗြိတိန်ကြား အခွန်နှစ်ထပ်ကျသင့်မှုမရှိစေရေး သ ဘောတူစာချုပ်အရ ဗြိတိန်နိုင်ငံမှာ အခွန်ထမ်းဆောင်ထားတဲ့ အထောက်အထားပြနိုင်ရင် အခွန်ထပ်မံ ပေးဆောင်စရာမလိုဘဲ ဝင်ငွေခွန်ပေးဆောင်ထားတဲ့ အ ထောက်အထားမပြနိုင်ရင်၊ ဒါမှမဟုတ် ဝင်ငွေခွန် ထမ်းဆောင်ရမယ့် လစာဝင်ငွေအောက် လျော့နည်းနေရင်တော့ လစာရဲ့ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန် ပေးဆောင်ရမယ်လို့ သိရပါတယ်။

ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ဝင်ငွေခွန်ပေးဆောင်ဖို့ လ စာဝင်ငွေသတ်မှတ်ချက်အဖြစ် ဆွီဒင်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန် မာနိုင်ငံသားတွေအနေနဲ့ အဆင့်မြင့် ကျွမ်းကျင် အလုပ်သ မားဆိုရင် ဆွီဒင်ခရိုနာ ၂၀,၀၀၀၊ ကျွမ်းကျင်အလုပ်သမားဆိုရင် ဆွီဒင်ခရိုနာ ၁၀,၀၀၀ နဲ့ ရိုးရိုးအလုပ်သမားဆိုရင် ဆွီဒင်ခရိုနာ ၅၀၀၀၊ ဒိန်းမတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ နိုင်ငံသားတွေအနေနဲ့ အဆင့်မြင့်ကျွမ်းကျင် အလုပ်သမားဆိုရင် ဒိန်းမတ်ခရိုနာ ၂၀,၀၀၀၊ ကျွမ်းကျင်အလုပ်သမားဆိုရင် ဒိန်းမတ်ခရိုနာ ၁၀,၀၀၀ နဲ့ ရိုးရိုးအလုပ်သမားဆိုရင် ဒိန်းမတ်ခရိုနာ ၅၀၀၀၊ အိုင်ယာလန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန် မာနိုင်ငံ သားတွေအနေနဲ့ အဆင့်မြင့် ကျွမ်းကျင်အလုပ် သမားဆိုရင် ယူရို ၂၂၀၀၊ ကျွမ်းကျင်အလုပ်သမားဆိုရင် ယူရို ၁၁၀၀ နဲ့ ရိုးရိုးအလုပ်သမားဆိုရင် ယူရို ၅၅၀ သတ် မှတ်ထားတယ်လို့ သိရပါတယ်။

အလုပ်အမျိုးအစားသတ်မှတ်ရာမှာ အဆင့်မြင့်ကုမ္ပဏီဝန်ထမ်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျွမ်းကျင်ပညာတို့ကို အဆင့်မြင့်ကျွမ်းကျင်အလုပ်သမား၊ သူနာပြု၊ ယာဉ် မောင်း၊ စားဖိုမှူး၊ စားပွဲထိုး၊ အရောင်းဝန်ထမ်းတို့ကို ကျွမ်းကျင် အ လုပ်သမား၊ အိမ်ထောင်မှုအထောက်အပံ့၊ သန့်ရှင်းရေးတို့ကို ရိုးရိုးအလုပ်သမားတွေအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီနိုင်ငံတွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သာမန်နိုင်ငံကူးလက် မှတ် သက်တမ်းတိုးတာ၊ ပျက်စီး၊ ပျောက်ဆုံးတာ၊ နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားတာ၊ သက်သေခံလက်မှတ်(CI)လျှောက်ထားတာ စတဲ့ ကောင်စစ် ဆိုင် ရာကိစ္စရပ်တွေဆောင်ရွက်ရာမှာ ဝင်ငွေခွန်ကင်းရှင်းကြောင်း အထောက်အထားပြနိုင်မှသာ ဆောင်ရွက်ပေး မှာဖြစ်တယ်လို့ သိရပါတယ်။

ဥရောပရောက် ဝင်ငွေခွန်ထမ်းဆောင်ရာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး သတ်မှတ်နှုန်းထားအတိုင်း ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်နဲ့ မိမိထမ်းဆောင်လိုတဲ့ ကာလအပိုင်းအခြားအလိုက် ထမ်းဆောင်နိုင်ပြီး သာမန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့လျှောက်ထားသူတွေအနေနဲ့ မူလလျှောက်ထားစဉ်မှာ အခွန်တစ်ခါတည်း ပေးဆောင်ဖို့ မလိုအပ်ဘဲသက်တမ်း တိုးဖို့ ခွင့်ပြုချက်ရရှိတဲ့ အချိန်မှသာ ဝင်ငွေခွန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သာမန်မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ပျက်ဆီး/ပျောက်ဆုံး နိုင်ငံကူး လက်မှတ်အား အသစ်လျှောက် ထားခြင်း၊မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ် (C of I) လျှောက်ထားခြင်းစတဲ့ ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာမှာ ဝင်ငွေခွန် ကင်းရှင်းကြောင်း အ ထောက်အထားပြသနိုင်မှသာ ဆောင်ရွက်ပေးမှာလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *