လန်ဒန်၊ အောက်တိုဘာ ၁၀
အိုင်အက်စ်နဲ့ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲတွေက ဗြိတိန်ကို “တကျော့ပြန်” ခြိမ်းခြောက်မှု ရှိနေကြောင်း နိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေးဝန်ဆောင်မှုအကြီးအကဲက ရှားရှားပါးပါး လူသိရှင်ကြား သတိပေးခဲ့တယ်လို့ အောက်တိုဘာ ၁၀ရက် သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
သူတိုရဲ့ ပစ်မှတ်တွေဟာ ကလေးတွေကို အသုံးချဖို့ ဖြစ်ပြီး အင်တာနက်ကို အသုံးပြုပြီး အကြမ်းဖက် လုပ်ဆောင်တဲ့ အခင်းအကျင်းမျိုး ဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
မကြာသေးခင်ကတည်းက MI5 ထောက်လှမ်းရေးအဖွဲ့က ဦးစားပေး စုံစမ်းစစ်ဆေးမှု အနေနဲ့ ပြည်ပ အကြမ်း ဖက် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အဓိကထား စုံစမ်းခဲ့တယ်လို့ အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် ကန် မက္ကလန် က လန်ဒန်မှာ လုပ်ခဲ့တဲ့ အစည်းဝေး တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်မှုမှာ ပါ၀င်ပတ်သက်မှုအတွက် စုံစမ်းစစ်ဆေးခံနေရတဲ့သူ ရှစ်ယောက်ထဲမှာ တစ်ယောက်က အရွယ်မရောက်သေးသူတွေ ပါဝင်လာတယ်လို့ မက္ကလန်က ပြောဆိုခဲ့ပြီး ဒါဟာ ၂၀၂၁ခုနှစ်ကထက် သုံးဆအထိ တိုးလာတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ၂၀၂၄ အောက်တိုဘာ ၉ရက် အစည်းဝေးမှာ တွေ့ရတဲ့ ကန် မက္ကလန်
Feature Image Credit: Yui Mok/PA via AP



