အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)မှာ ပါဝင်ပတ်သက်ခဲ့တဲ့USWAရဲ့ “ဝ”တပ်ဖွဲ့ထိပ်တန်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်

■လက်ရှိအချိန်မှာတော့ အဲ့ဒီ “ဝ”တပ်ဖွဲ့ထိပ်တန်းခေါင်း ဆောင်နှစ်ဦးက တိမ်းရှောင်နေ

အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)မှာ ပါဝင်ပတ်သက်ခဲ့တဲ့USWAရဲ့ “ဝ”တပ်ဖွဲ့ထိပ်တန်းခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ အိုက်ဟော့နဲ့ ပေါက်အိုက်ပန်းတို့ကို ဇန်နဝါရီ လ၃၁ရက်နေ့ကUSWA”ဝ”တပ်ဖွဲ့ကနေ ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

အိုက်ဟော့နဲ့ ပေါက်အိုက်ပန်းတို့ကို တရုတ်ပြည်သူ့လုံ ခြုံရေးဌာနကလည်း ပြီးခဲ့တဲ့အောက်တိုဘာ၁၂ရက်နေ့ကတည်းက ဖမ်းဝရမ်းထုတ်ထားခဲ့ပြီး သတင်းပေးဖမ်း ဆီးနိုင်ခဲ့ရင် ယွမ် ၅သိန်း ဆုကြေးပေးမယ်လို့ ကြေညာထားပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားတဲ့ အိုက်ဟော့ဟာ USWA”ဝ” တပ်ဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းများကို တာဝန်ခံဆောင် ရွက်နေသူဖြစ်ပြီး ပေါက်အိုက်ပန်းကလည်း မူးယစ်ဆေးဝါးအမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၁၂ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြန်လည်လွတ် မြောက်လာသူဖြစ်ပြီး “ဝ”,ခေါင်းဆောင်ပေါက်ယူချန်းရဲ့တူ ဖြစ်တယ်လို့လည်း သိရပါတယ်။

Visited 34 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *