အွန်လိုင်းကနေ ငွေလိမ်လည်မှုနဲ့လောင်းကစားမှုတွေ လုပ်ခဲ့တဲ့ တရုတ်၊မလေးရှားနဲ့ဗီယက်နမ်တို့က နိုင်ငံခြား သား၂၇၃ ဦး ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် (တောင်ပိုင်း)တို့မှာ Online ကတစ်ဆင့် ငွေကြေးလိမ်လည်မှုနဲ့လောင်းက စားမှုတွေ လုပ်ခဲ့တဲ့ တရုတ်၊မလေးရှားနဲ့ဗီယက်နမ်တို့နိုင်ငံခြားသား၂၇၃ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ထဲမှာ မြန်မာနိုင်ငံသား ၁၂ဦးပါဝင်ပြီး တရုတ်နိုင်ငံသား၂၇၀ဦး၊မလေးရှားနိုင်ငံသား၂ဦးနဲ့ဗီယက်နမ်နိုင်ငံသား၁ဦးတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးမိမှုဖြစ်စဥ်များမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို နိုဝင် ဘာ ၅ ရက် နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးခဲ့ရာ ရောင်အူကျေးရွာအုပ်စု၊ မတ်ငေါက်ကျေးရွာမှာ တရားမဝင် တရုတ်နိုင်ငံသား ကျား ၈ ဦး၊ ဆွတ်ဝိုးအုပ် စု၊ အောင်သံလွင်ကျေးရွာမှာ တရားမဝင် တရုတ်နိုင်ငံ သား ကျား ၁၉၆ ဦး၊ မ ၂ ဦးနဲ့ မလေးရှားနိုင်ငံသား ကျား ၂ဦး၊ပေါင်း၂၀၀ဦး၊အေးကျန့်အုပ်စု၊ကာနကျေး ရွာမှာ တရားမဝင် တရုတ်နိုင်ငံသား ကျား ၃၉ ဦး၊ မ ၁ ဦးနဲ့ မြန်မာနိုင်ငံသား ကျား ၃ ဦး၊ မ ၅ ဦး၊ ပေါင်း ၄၈ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ တာကြန့်အုပ်စု၊ တာကြန့်ကျေးရွာအနီး ဟိုခိုလမ်းခွဲမှာ မိုင်းယုမြို့ဘက်က မိုင်းယောင်းမြို့ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ် ၂ စီးကို စစ်ဆေးရာ တရားမဝင်တရုတ်နိုင်ငံသား ကျား ၁ ဦးနဲ့ မ ၁ ဦး၊ ပေါင်း၂ ဦးကို ဖမ်း ဆီးရမိခဲ့ရာ စစ်ဆေးဖော်ထုတ်ချက်များအရ ဆိုင်ကယ်မောင်းနှင်သူ ကော်ဆမ်မိန်းကျေးရွာနေ ကိုမင်းရဲ့နေအိမ်ကို ရှာဖွေစစ်ဆေးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံ သား ကျား ၈ ဦးနဲ့ မြန်မာနိုင်ငံသား ကျား ၅ ဦး၊ ပေါင်း ၁၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ က လောမြို့နယ်၊ ကလောမြို့ဝင်တိုးဂိတ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးရေး လုပ်ဆောင်ရာ တရားမဝင် တရုတ်နိုင်ငံသား ကျား ၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီခန့်က တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) အုပ်စု၊ ပါဆာကျေးရွာနဲ့စံဖူးကျေးရွာကြားက ဝမ်ပုံ-စံဖူးသွား ကားလမ်း စံဖူးကျေးရွာအနီး လယ်ကွင်းထဲမှာ တရားမဝင် တရုတ်နိုင်ငံသား ကျား ၆ ဦးနဲ့ မ ၁ ဦး၊ ဗီယက်နမ်နိုင်ငံသား မ ၁ ဦး၊ ပေါင်း ၈ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *